ရေမွှေး ထုတ်လုပ်သွားရန် ဂျင်နီဖာ အင်နစ်စတန် စီစဉ်နေ

alt

ဟောလီးဝုဒ် မင်းသမီး ဂျင်နီဖာ အင်နစ်စတန်သည် ရေမွှေးတခုကို သူမ၏ မူပိုင်အဖြစ် ထုတ်လုပ်သွားရန် စီစဉ် နေကြောင်း သိရှိရသည်။

Friends စတား မင်းသမီးက သူမသည် ရေမွှေး တမျိုး ထုတ်လုပ်နိုင်ရေးကို ယခင် ကတည်းက စိတ်ကူးယဉ် နေခဲ့ကြောင်း ဝန်ခံ ပြောကြားခဲ့ သည်။ ဗြိတိန်ထုတ် Harper’s Bazaar မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် အင်နစ်စတန်က သူမ သည် ဖက်ရှင်ဆိုင်ရာ ကုန်ပစ္စည်း အများအပြား ထုတ်လုပ်လို စိတ်ရှိကြောင်း၊ အထူး သဖြင့် ဆွဲဆောင်မှု ပြည့်ဝသည့် ရနံ့မျိုးရှိသော ရေမွှေး တမျိုးအား ထုတ်လုပ်လိုကြောင်း ပြောဆိုသွား ခဲ့သည်။

အင်နစ်စတန်သည် သူမ၏ ရေမွှေးကို Lola V ဟု အမည်ပေးရန် စီစဉ်ထားပြီး ယခုနှစ် နွေရာသီတွင် စတင် ရောင်းချနိုင်ရေး မျှော်လင့်ထားသည်။ ရေမွှေး အတွက် ကြော်ငြာရိုက်ကူးရန် ဓာတ်ပုံဆရာ မာရီယို ဆိုရန်တီ နှင့်လည်း တိုင်ပင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အင်နစ်စတန်က အတည်ပြုခဲ့သည်။

အင်နစ်စတန်သည် သူမနှင့်အတူ The Bounty Hunter ဇာတ်ကားတွင် တွဲဖက် သရုပ်ဆောင်ခဲ့သည့် မင်းသား ဂါရတ် ဘက်တလာနှင့် ချစ်သူဖြစ်နေကြောင်း နာမည်ထွက်နေပြီး ထိုဇာတ်ကားသည် ဗြိတိန်၏ Box Office စာရင်းတွင် နံပါတ် (၃) နေရာမှ ရပ်တည်နေသည်။

အင်နစ်စတန်သည် လတ်တလောတွင် The Switch With Just Go With It ဇာတ်ကားကို ရိုက်ကူးနေ ပြီး The Goree Girls ဇာတ်ကား အတွက်လည်း စာချုပ်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here