ပုတ်သင် မျိုးစိတ်သစ် ဖီလစ်ပိုင် နိုင်ငံတွင် တွေ့ရှိ

alt

ဖိလစ်ပိုင်ရှိ တောအုပ် များတွင် သိုသိပ်စွာ နေထိုင် ကျက်စားနေသည့် ကြီးမားလှသော ပုတ်သင် မျိုးစိတ် သစ် တမျိုးကို ပညာရှင်များက

ရှာဖွေ တွေ့ရှိခဲ့ကြသည်။

(၆)ပေခွဲ အရှည်အထိ ကြီးမားသည့် ယင်း ပုတ်သင်သည် ထွားကျိုင်း သန်မာသည့် အမျိုးသားကြီး တဦး၏ အရွယ်မျှထိရှိပြီး ဖိလစ်ပိုင် မြောက်ပိုင်း တောအုပ်များအတွင်း ကျက်စားလေ့ ရှိကြောင်း သုတေသီများက ဆိုသည်။ တောက်ပ သော အရောင်အဆင်းရှိပြီး အသီးအရွက်များကိုသာ စားသုံးလေ့ရှိသည့် ယင်းပုတ်သင် များသည် လူဇုန်ကျွန်းရှိ သိပ်သည်း ထူထပ်သော တောကြီးများအတွင်း ပေါက်ဖွား ရှင်သန်နေခြင်း ဖြစ်သည်။

Varanus bitatawa ဟု အမည် ပေးထားသည့် ယင်းမျိုးစိတ် ပုတ်သင်၏ ပထမဆုံး အကောင်ကို စတင် တွေ့ရှိစဥ်က ပညာရှင် များအတွက် အလွန် အံ့ဩစရာ ဖြစ်ခဲ့ရသည်။ ပုတ်သင်၏ မျိုးဗီဇ DNA ကို စစ်ဆေးပြီးနောက် ထွားကျိုင်းလှ သည့် ယင်း သတ္တဝါကြီးသည် ယခင်က မှတ်တမ်း မတင်ရသေးသည့် ကုန်းနေရေနေ မျိုးစိတ်သစ် တွားသွား သတ္တဝါအဖြစ် သိပ္ပံ ပညာရှင်များက အတည်ပြု နိုင်ခဲ့သည်။

ယင်းတို့သည် သစ်တောများ၏ ပြင်ပသို့ လုံးဝ ထွက်လေ့မရှိဘဲ ကွင်းပြင်များကို ရှောင်ရှားနေခြင်းကြောင့် ယခင်က မတွေ့ ရှိခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံရှိ ထိန်းသိမ်း ကာကွယ်ထားသော သစ်တောများတွင် ယခင်ကလည်း မှတ်တမ်း မတင်ရသေးသည့် မျိုးစိတ်သစ် သတ္တဝါများကို မကြာခဏ တွေ့ရှိလေ့ ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here