ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း ပုံမှန်လုပ်က မွေးဖွားသည့် ကလေး အဝလွန်မှု ဖြစ်နိုင်ခြေ လျော့နည်း

alt

ကိုယ်ဝန် ဆောင်ချိန်တွင် သင့်တော် မျှတသော လေ့ကျင့်ခန်းများ ပုံမှန် ပြုလုပ် ပေးပါက မွေးဖွားလာသော ကလေးတွင် အဝလွန်မှု ဖြစ်နိုင် ခြေကို

လျော့နည်းကျဆင်း စေကြောင်း ပညာရှင်များက ပြောကြားခဲ့ကြသည်။

လေ့လာ တွေ့ရှိမှု ရလဒ်အသစ် တခုအရ စက်ဘီး စီးခြင်း ကဲ့သို့ လေ့ကျင့်ခန်းမျိုးကို တပါတ်လျင် ငါးကြိမ်မျှ ပြုလုပ်ပါက မွေးဖွားလာသည့် ကလေး ၏ ကိုယ်အလေးချိန်ကို ပျမ်းမျှ (၅)အောင်စခန့် လျော့နည်း စေနိုင်ကြောင်း သိရှိရသည်။

ထို့အပြင် အေရိုးဗစ် လေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်ခဲ့သည့် အမျိုးသမီး များသည် မွေးဖွား ရာတွင် လွယ်ကူစေပြီး ကလေး၏ ကိုယ် အလေးချိန်မှာလည်း အသင့်တော်ဆုံး အနေ အထားမျိုး အများအားဖြင့် ရှိတတ်ကြောင်း နယူးဇီလန် နိုင်ငံ၊ အုတ်ကလန် တက္ကသိုလ်မှ သုတေသီများက ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တပါတ်လျှင် မိနစ်(၄၀)မျှ စက်ဘီးစီး လေ့ကျင့်မှု ပြုလုပ်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများမှ မွေးဖွားလာသော ကလေး များသည် (၁.၇)အောင်စမှ (၈.၃)အောင်စ အထိ ကိုယ်အလေးချိန် လျော့နည်းတတ် သလို အဝလွန်မှု ဖြစ်နိုင်ခြေလည်း လျော့နည်းတတ်ကြောင်း Clinical Endocrinology ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။

သို့သော်လည်း အပြင်းအထန် ပြေးခြင်းကဲ့သို့ လေ့ကျင့်ခန်း မျိုးကိုမူ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေနှင့် ရှောင်ရှား သင့်ပြီး သင့်တင့်မျှတသော ပမာဏမျှသာ ပြုလုပ်ရန်လည်း သုတေသီများက အကြံပြု တိုက်တွန်း ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here