ထိုင်းနိုင်ငံတွင် ဖြစ်ပွားသည့် ဆန္ဒပြသူ များနှင့် အဓိကရုဏ်း အတွင်း သေဆုံးသူ များပြားလာ

alt

ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေး ဆိုင်ရာ အဓိကရုဏ်း များကြောင့် သေဆုံးသူ အရေ အတွက်သည် ဆယ်စုနှစ် (၂)ခုစာမျှ ကာလအတွင်း

အဆိုးရွားဆုံး အထိ မြင့်တက်လာကြောင်း သိရှိရ သည်။

ဧပြီလ (၁၁)ရက်နေ့ အထိ ဘန်ကောက်တွင် ဖြစ်ပွားနေသည့် အကြမ်းပတမ်း တိုက်ခိုက်မှု များကြောင့် သေဆုံးသူ (၂၀)ဦးထိ ရှိလာခဲ့ပြီး လူပေါင်း (၈၀၀)ကျော် ဒဏ်ရာများ ရရှိခဲ့ရာ ထိုင်းနိုင်ငံရေး သမိုင်း တလျှောက် (၁၈)နှစ်တာ ကာလအတွင်း သွေးထွက်သံယို အဖြစ်ဆုံး အခြေအနေ သို့ ရောက်ရှိခဲ့သည်။ ရှပ်နီဝတ် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူ များနှင့် ရဲများ အကြား အပြန်အလှန် တိုက်ခိုက်မှု များကြောင့် ဒဏ်ရာ ရပြီး ရောက်ရှိလာသူ အရေအတွက်မှာ ဧပြီလ (၁၁)ရက်နေ့ အထိ တိုးမြဲ တိုးလာနေ ကြောင်း အီရာဝမ် ဆေးရုံမှ တာဝန်ရှိသူ တဦးက အတည်ပြုခဲ့သည်။

အဓိကရုဏ်း များသည် ဘန်ကောက် မြို့လယ်ရှိ ကမ္ဘာလှည့် ခရီးသည် ထူထပ်ရာ နေရာများတွင်ပါ ဖြစ်ပေါ် နေကြောင်း သတင်းများက ဖော်ပြနေခဲ့သည်။ လမ်းမပေါ်မှ ရန်ပွဲများကြောင့် သေဆုံးသူ အရေအတွက်ကို တိတိကျကျ သိရှိရန် ခက်ခဲ ကြောင်းမူ နှစ်ဖက်စလုံးက အတည်ပြုထားသည်။ သေဆုံးသူ များအနက် စစ်သားရော၊ အရပ်သားများ အပြင် Reuters သတင်းဌာနမှ အသက် (၄၃)နှစ် အရွယ် ဂျပန်လူမျိုး ကင်မရာသမား ဟီရိုမူရာမိုတို ပါ ပါ၀င်ခဲ့သည်။ သတင်းများ အရ ဧပြီလ (၁၀)ရက်နေ့ ညပိုင်းက တဖက် နှင့် တဖက် ရက်ရက်စက်စက် ရန်ပြုမှုများ အဆိုးရွားဆုံး မြင့်တက်လာကြောင်း သိရ သည်။

သို့သော်လည်း ဘန်ကောက် လမ်းမများပေါ်တွင် တပ်အင်အား တိုးမြှင့်ချထားမှုမျိုး မရှိကြောင်း ဒေသခံ များက ဆိုသည်။ အာဏာရှင် စံနစ်ကို ဖီဆန်သော ဒီမိုကရေစီ တပ်ဦးဟု အမည် ပေးထားသည့် ရှပ်နီ တပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ရှောင်ဘွန်ပရာကွန် က သွေးမြေကျ ဖြစ်ရပ်များက မိမိတို့၏ ခံယူချက်ကို ပိုမိုမာကျော ခိုင်မာလာစေသည်ဟု သတင်းထောက် များအား ပြောကြားခဲ့သည်။ ထို့အပြင် အစိုးရ ပြုတ်ကျ သွားသည်အထိ ဆက်လက်တိုက်ပွဲ ၀င်သွားမည် ဟုလည်း ၎င်းကဆိုသည်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဗီဂျာဗီဗာကမူ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများအတွက် ၀မ်းနည်းမိကြောင်း၊ စစ်တပ် သည် လေထဲသို့သာ ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ် ခဲ့ပြီး မိမိကိုယ်ကိုယ် မလွှဲမရှောင်သာ ကာကွယ်ရသည့် အခါမျိုး အတွက်သာ ပစ်ခတ်ခဲ့ကြောင်း ကြေညာသွားသည်။ ထို့အပြင် ဘန်ကောက်၌ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသော အခြေအနေ များအတွက်လည်း လုံခြံုရေး တာဝန်ရှိသူ များက အကောင်းဆုံး ထိန်းသိမ်း ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဝန်ကြီးချုပ် အဘီဆစ် က ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here