ကမ္ဘာ့ အမြင့်ဆုံး တောင်ထိပ်သို့ တက်ရောက်ရန် ၁၃နှစ်သား ပြင်ဆင်

alt

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ အသက် (၁၃)နှစ်သာ ရှိသေးသော လူငယ်လေး တဦးသည် ကမ္ဘာ့ အမြင့်ဆုံး တောင်ထိပ်သို့ တက်ရန်

ပြင်ဆင်လျက် ရှိသည်။

ဂျော်ဒန်ရိုမီယိုက မိမိအနေနှင့် ဧဝရက် တောင်ထိပ်ကို တက်ရောက်နိုင်သည့် ကမ္ဘာ့ အသက် အငယ်ဆုံး တောင်တက်သမား ဖြစ်လာမည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် နီပေါနိုင်ငံ ရှိ ကမ္ဘာကျော် တောင်ကြီး အပါအဝင် ကမ္ဘာ့ အမြင့်ဆုံး တောင်ထွတ် (၇)ခု လုံးပေါ် တက်နိုင်ရန် ရည်မှန်းထားကြောင်း ဂျော်ဒန် က ဆိုသည်။

ကယ်လီဖိုးနီးယား ရှိ ဘစ်ဘဲလ် မှ ဆယ်ကျော်သက် လူငယ်လေး သည် ဖခင်ဖြစ်သူ ပေါလ်၊ မိထွေး ကာရင်း တို့နှင့်အတူ လမ်းပြ (၃)ဦးကို ခေါ်ဆောင် ကာ ဧဝရက်တောင်အား တက်နိုင်ရေး အတွက် ဧပြီလ (၁၀)ရက် နေ့က စတင် ပြင်ဆင်နေပြီ ဖြစ်သည်။ ယင်းအဖွဲ့သည် ဧပြီလ (၁၁)ရက် နေ့တွင် နီပေါနိုင်ငံ ခတ္တမန္ဒူ မြို့တော် မှတဆင့် တရုတ်ပြည်သို့ ထွက်ခွာသွားပြီး တရုတ်ပြည်ဖက် မှတဆင့် ပေပေါင်း(၂၉၀၃၅)ရှိသည့် တောင်ထိပ်သို့ တက်ရောက်မည် ဖြစ်သည်။

ဂျော်ဒန်သည် အခြားသော ကမ္ဘာကျော် တောင်ထွတ်ကြီး (၆)ခုသို့ တက်ရောက်နိုင်ခဲ့ပြီး ဖြစ်သည်။ ယခု လည်း မေလတွင် ဧဝရက် တောင်ထိပ် ရောက်မည်ဟု ဂျော်ဒန်က ယုံကြည်နေသည်။ ၎င်းသည် အသက် (၁၀)နှစ် အရွယ် ကတည်းက အာဖရိက ရှိ ကီလီမန်ဂျာရို တောင်ထိပ်သို့ ရောက်အောင် တက်နိုင်ခဲ့သည့် အာဂ လူငယ်လည်း ဖြစ်သည်။

ဧဝရက်တောင်ထိပ် မတိုင်မီ ဂျော်ဒန်အတွက် အမြင့်ဆုံး ရောက်ရှိခဲ့သည်မှာ ပင်လယ်ရေ မျက်နှာပြင် အထက် (၂၆၂၄၀)ပေ ဖြစ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here