ဘရာဇီး နိုင်ငံမြေပြိုမှု သေဆုံးသူ အရေအတွက် မြင့်တက်လာ

alt

ဘရာဇီးနိုင်ငံတွင် မြေပြိုမှုများကြောင့် သေဆုံးသူ အရေအတွက် သည် တစထက်တစ တိုးပွား လာနေ ကြောင်း သိရှိရသည်။

ရီယိုဒီဂျနေရိုး မြို့တော်အနီး နီတီရီယိုတွင် ဧပြီလ (၁၀)ရက်နေ့က ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာပြီး မြေပြို မှုများ ပေါ်ပေါက်ခဲ့ရာ ယခုအခါ သေဆုံးသူ (၂၁၉)ဦး ထက်မနည်း ရှိခဲ့ကြောင်း အာဏာပိုင် များက အတည်ပြုခဲ့ပြီး လူ(၄၀၀)ကျော် အထိ အသေအပျောက် ရှိလာနိုင်ကြောင်း ဝန်ခံ ပြောကြား ခဲ့သည်။

ထို့အပြင် သည်းထန်စွာ ရွာသွန်းသော မိုးကြောင့် ပြိုဆင်းလာသော ရွှံ့ချပ်များအောက် နစ်မြုပ်သွားသည့် နီတီရီယိုရှိ မော်ရို ဒိုဘွမ်ဘာ ရပ်ကွက်တွင် အနည်းဆုံး လူ(၂၀၀)ခန့် အပျက်အစီးများ၊ မြေကြီးများ အောက်တွင် ပိတ်မိနေဆဲဟု ယုံကြည် ရသည်။

မြေပြိုမှုများ အတွင်း လူ(၅၀၀၀၀)ခန့်မှာ အိုးအိမ်များကို စွန့်ခွာပြီး အရေးပေါ် ထွက်ပြေးခဲ့ရသည်။ ယခုအခါ နေ့ရော ညပါ အပျက်အစီး များကို လော်ရီကားကြီးများဖြင့် တင်ဆောင် ဖယ်ရှားနေပြီး အသက်ရှင် သူများ၊ ရုပ်အလောင်း များကို ရှာဖွေနေကြောင်း သိရသည်။ ထို့အပြင် ရွှံနွံများအောက်မှ အသက်ရှင်နေ သေးသူများကို ရှာဖွေ တွေ့ရှိနိုင်ခြေ ရှိနေသေး ကြောင်း ပြည်သူ့ လုံခြံုရေးဌာနမှ မာရီဗယ်ဂိုမက်က သတင်းထောက် များအား ပြောကြားခဲ့သည်။

သို့သော်လည်း အခင်းဖြစ်ရာ နေရာတွင် ကယ်ဆယ်ရေး ဆောင်ရွက်နေသည့် မီးသတ် တပ်ဖွဲ့ကမူ မျှော်လင့်ချက် နည်းပါး နေပြီ ဖြစ်ကြောင်း ဝန်ခံမှတ်ချက် ပြုထားသည်။ တာဝန်ရှိ သူ များက ယင်း အပျက်အစီး များကို ဧပြီလ (၁၄)ရက်နေ့တွင် အပြီးသတ် ဖယ်ရှားနိုင်မည်ဟု ယုံကြည်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here