သေဆုံးသူ ရုပ်အလောင်း လေယာဉ်ပေါ် တင်ရန် ကျိုးပမ်းသည့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

alt

သေဆုံးနေသော မိသားစုဝင် တဦး၏ ရုပ်အလောင်းကို လေယာဉ်ပေါ် ဆွဲတင်ရန် ကြိုးပမ်းနေသည့် အမျိုးသမီး နှစ်ဦးကို ဗြိတိန် ရဲတပ်ဖွဲ့က

ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

လီဗာပူးမြို့ ဂျွန်လင်နွန် လေဆိပ်တွင် ဧပြီလ ပြီးခဲ့သည့် သီတင်းပါတ်ကုန်က အသက် (၉၁)နှစ် အရွယ် ကက်ဝီလီဂျာရန့် သည် သေဆုံးနေပြီ ဖြစ်သော်လည်း ၎င်း၏ဇနီးနှင့် မယားပါ သမီးတို့က လေယာဉ် ပေါ် တင်ရန် ကျိုးပမ်းနေခြင်း ဖြစ်သည်။

ကွယ်လွန်သွားပြီ ဖြစ်သည့် ကက်၏ဇနီးသည် ဂစ်တာဂျာရန့်က သူမတို့သည် ကက်မှာ အိပ်ပျော်နေ သည် ဟုသာ ထင်နေခြင်း ဖြစ်ကြောင်း ရဲများထံ ဝန်ခံခဲ့သည်။ သူမ၏ သမီးဖြစ်သူ အန်ကီ အန်နူဆစ် ကလည်း အဖိုးအို ကက်မှာ သေဆုံးနေကြောင်း လုံးဝ မသိခဲ့ဟု ပြောကြားခဲ့သည်။ သူမတို့ နှစ်ဦးလုံးသည် ဂျာမန်လူမျိုးများ ဖြစ်ကြပြီး လက်ရှိအချိန်တွင် ဗြိတိန်နိုင်ငံ၊ အိုးဟမ် တွင် နေထိုင်လျှက်ရှိသည်။

လေဆိပ်မှ အရာရှိများသည် ဂျာမနီသို့ ပျံသန်းမည့် ခရီးစဉ် တခုအတွင်း ကက်တွင် နေကာမျက်မှန် ဝတ်ဆင်ထားပြီး ငြိမ်သက်စွာ ရှိနေသည့် အနေအထားကို မသင်္ကာသဖြင့် စစ်ဆေးရာမှ သေဆုံးနေမှန်း တွေ့ရှိလာခြင်း ဖြစ်သည်။ ယခုအခါ အမျိုးသမီး နှစ်ဦးကို ဇွန်လ (၁)ရက်နေ့ အထိ အာမခံဖြင့် လွှတ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here