ရံပုံငွေ ခရီးစဉ်အတွက် မော်လဝီ နိုင်ငံသို့ မက်ဒေါနား ရောက်ရှိနေ

alt

Pop အဆိုတော် မက်ဒေါနား သည် မော်လဝီသို့ ရံပုံငွေ ခရီးစဉ် တခုအတွက် တပါတ်ကြာ ရောက်ရှိ နေကြောင်း သိရှိရသည်။

ကုလသမဂ္ဂ၏ ရံပုံငွေ တရပ်ကို ကူညီရန်အတွက် မက်ဒေါနားသည် မီလီနီယမ် ကျေးရွာသို့ သွားရောက် ကာ စီးပွားရေးပညာရှင် ဂျက်ဖရီရှား နှင့် တွေ့ဆုံမည် ဖြစ်သည်။ ဧပြီလ (၅)ရက် နေ့က ရောက်ရှိလာ သည့် မက်ဒေါနားသည် မော်လဝီ အမျိုးသမီး အကယ်ဒမီကျောင်း ဆောက်လုပ်ရေး ရံပုံငွေအတွက် ကူညီရန် ဂျက်ဖရီနှင့် လာရောက် ပူးပေါင်းခြင်း ဖြစ်သည်။

ဒေါ်လာ (၁၅)သန်းတန် အဆိုပါ ကျောင်းသည် (၂၀၁၁)ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထား ကြောင်း သိရှိရသည်။ မက်ဒေါနားသည် သူမ၏ မွေးစား ကလေးငယ် နှစ်ဦး၏ မွေးရပ်မြေ ဖြစ်သော အာဖရိကတိုက် တောင်ပိုင်း နိုင်ငံတွင် လူမှုရေး ရံပုံငွေ သန်းနှင့်ချီ လှူဒါန်းထားပြီး ဖြစ်သည်။

အသက် (၅၁)နှစ်ရှိ Pop ဂီတ ဘုရင်မကြီးသည် ယခုအခါ လင်လွန်ဂွီတွင် တည်းခိုလျှက်ရှိပြီး လာမည့် သီတင်းပါတ် အတွင်း အမေရိကားသို့ ပြန်မည်ဟု သိရှိရသည်။ မက်ဒေါနားသည် မော်လဝီတွင် ကျောင်းတကျောင်းကိုလည်း ဆောက်လုပ် လှူဒါန်း ထားသေးကြောင်း သတင်း များက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here