Facebook ၏ ကိုယ်ရေးကိုယ်တာ လုံခြံုရေး ထိန်းသိမ်းမှု နည်းစံနစ် အား ဂျာမန်ဝန်ကြီး ဝေဖန်

alt

ဂျာမန် အစိုးရ အဖွဲ့ဝင် ဝန်ကြီး တဦးက ကမ္ဘာကျော် Social Networking ဝဘ်ဆိုဒ် Facebook ၏ Privacy ဆိုင်ရာ ထိန်းသိမ်းမှု

များအား ဝေဖန်လိုက်သည်။

စားသုံးသူ လုံခြံုရေး ဝန်ကြီးဖြစ်သည့် အစ်စလီ အက်ဂနာက Facebook CEO နှင့် တည်ထောင် သူ မတ်ဇူကာဘတ် အား ရည်စူးကာ အိတ်ဖွင့် ပေးစာတစောင် ရေးသားပေးပို့ခဲ့ပြီး Facebook ၏ Privacy ဆိုင်ရာ ဆောင်ရွက်ချက်များ Upgrade ပြုလုပ်ပေးရန် တိုက်တွန်းခဲ့သည်။

အထူးသဖြင့် 3rd Party အနေအထားသို့ Account ပိုင်ရှင်များ၏ ကိုယ်ရေး အချက်အလက်များ ရောက်ရှိနိုင်မှုကို နည်းလမ်းရှာ တားဆီး ပေးသင့်ကြောင်း အက်ဂနာက ဝေဖန်ထားသည်။ သူမက Private အချက်အလက်များ အားလုံး သည် အမှန်တကယ် Private ဖြစ်နေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး Facebook သည် အသုံးပြုသူများ၏ ဆန္ဒကို လေးစားမှု မရှိကြောင်း ပြစ်တင်ခဲ့သည်။

ထို့အပြင် Facebook အနေနှင့် ယင်းမူဝါဒများကို မပြောင်းလဲပါက သူမ၏ Facebook Account ကိုပါ ဖျက်ပစ်ရန် စဉ်းစားထားကြောင်း အက်ဂနာက ပြောကြားသွား ခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here