တရုတ်နိုင်ငံမှ လူပုလေးတို့ရွာ ကမ္ဘာလှည့် ခရီးသည်အား အဆွဲဆောင်နိုင်ဆုံး ဖြစ်လာ

alt

တရုတ်နိုင်ငံတွင် ဖွင့်လှစ်ထားသည့် လူပုလေးတို့ရွာ ဥယျာဉ်မှာ လူအများ စိတ်ဝင်စားစရာနှင့်  ကမ္ဘာ လှည့် ခရီးသည်များ အတွက်

အဆွဲဆောင်နိုင်ဆုံး နေရာတခု ဖြစ်လာခဲ့ရသည်။

အနောက်တောင်ပိုင်း ယူနန်တွင် ပြီးခဲ့သည့် စက်တင်ဘာလက စတင် ဖွင့်လှစ်လိုက်သည့် လူပုလေးတို့ အင်ပါယာ အမည်ရှိ အပမ်းဖြေ ရွာကလေးတွင် ပုံပြင်ထဲမှ မှိုပွင့်ပုံ အိမ်ကလေးများ​ ကိုလည်း ဆောက် လုပ်ပေး ထားသည်။ အဝါရောင်ကုတ် အင်္ကျီနှင့် စတိုင်ကျသော ဘောင်းဘီလေးများ ဝတ်ဆင်ထား သည့် လူပုလေးများသည် Techno ဂီတနှင့် ပျော်ရွှင်နေသည်မှာ လာရောက် လည်ပတ်သူများ အတွက် သဘောကျစရာ မြင်ကွင်းလည်း ဖြစ်ကြောင်း သိရှိရသည်။

လူ့အခွင့်အရေး အဖွဲ့အစည်း အချို့က လူပုလေး (၁၀၀)ကျော်ကို ရွာတည် ပေးထားခြင်းမှာ ခွဲခြား ဆက်ဆံ နေမှုဟု ရှုတ်ချနေသော်လည်း လူပုလေးများ ကမူ ထိုနေရာလေးတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။ တရုတ် ဘာသာဖြင့် ဇိုအိန်ရန် ဟု ချစ်စနိုး ခေါ်ကြသည့် လူပုလေးများသည် အများ အားဖြင့် အရပ်(၂)ပေ (၇) လက်မ ဝန်းကျင်သာ ရှိကြပြီး ထိုဒေသကို မိမိ ဆန္ဒအလျောက် လာနေရန် စာရင်းပေးခဲ့ကြခြင်း ဖြစ်သည်။

အသက် (၂၄)နှစ်ရှိ လူပုလေး အူဂျီလင်းက ရွာကလေးသို့ ရောက်လာခြင်းကို ခွဲခြားဆက်ဆံမှု ခံရခြင်းဟု မယူဆကြောင်း၊ ထို မတိုင်မီကသာ မိမိတို့သည် ခွဲခြားဆက်ဆံ ခံခဲ့ရ ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ ယူနန် အုပ်ချုပ်ရေး အဖွဲ့သည် ကျေးရွာလေးအတွင်း လိပ်ပြာဥယျာဉ်နှင့် သာယာသော ရေကန်လေးကိုပါ ထည့်သွင်း ပေးထားသည်။

လူပုလေး ဂျီလင်းက ရွာလေးအတွင်းရှိ လူပုလေးများ၏ အဓိက ဆန္ဒမှာ မိမိတို့ကဲ့သို့ လူပုလေးပေါင်း ထောင်နှင့်ချီကို စုရုံးပြီး ကမာ္ဘပေါ်တွင် အကြီးဆုံး လူပုလေးရွာတခု တည်ထောင်ခွင့် ရရန်ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here