မာလ်တီ ဗိုက်တာမင် ဆေးများ အလွန်အကျွံ သုံးစွဲမှု ရင်သား ကင်ဆာ ဖြစ်နိုင်ချေ မြင့်တက်နိုင်

alt

Multivitamin ဆေးဝါးများ အလွန် အကျွံ သုံးစွဲမှုသည် ရင်သား ကင်ဆာ ဖြစ်ပွားနိုင်ချေ ကို မြင့်တက် လာစေနိုင်ကြောင်း သုတေသီ များက သတိပေး

ပြောကြားလိုက်သည်။

နေ့စဉ်နေ့တိုင်း Multivitamin ဆေးဝါးများ ကာလကြာရှည် မှီဝဲ သုံးစွဲနေသည့် အမျိုးသမီး များတွင် ရင်သားအတွင်း အကြိတ်များ ဖြစ်ပေါ် နိုင်မှုမှာ သာမန်ထက် (၂၀) ရာခိုင်နှုန်းမျှ ပိုများ လာတတ်ကြောင်း ပညာရှင်များက ယုံကြည်နေကြ သည်။ သို့သော်လည်း ယင်းအတွက် ဆေးဝါး များကို တိုက်ရိုက် အပြစ်တင်ရန် ခက်ခဲနေပြီး အမျိုးသမီးများ၏ ကျန်းမာရေးနှင့် မလျော်ညီ သော လူနေမှု ပုံစံကလည်း ပတ်သက် ယှက်နွယ်မှု ရှိနိုင်ကြောင်း ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းရှိ ကာရိုလင်စကာ တက္ကသိုလ် မှ ပညာရှင်များက ပြောကြားခဲ့သည်။

ယင်းတို့သည် အသက်(၄၉)နှစ် မှ (၈၃)နှစ်ကြား အမျိုးသမီး (၃၅၀၀၀) တို့၏ (၁၀)နှစ်ကြာ နေထိုင်မှု ပုံစံများကို စနစ် တကျ လေ့လာ စစ်တမ်းကောက်ခံကာ သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ရင်သား ကင်ဆာ ဖြစ်နိုင်ခြေသည် ဆေးလိပ် သောက်သော အမျိုးသမီးများ၊ လေ့ကျင့်ခန်းကို အလွန်အကျွံ ပြုလုပ်သော အမျိုးသမီးများနှင့် မိသားစုအတွင်း ထို ရောဂါ ရှိသော ရာဇဝင်မျိုး ရှိခဲ့သည့် အမျိုးသမီး များတွင် ပိုမိုမြင့်တက် နေကြောင်းလည်း သိရှိရသည်။

ဆရာဝန်များက အမျိုးသမီးများ အနေနှင့် မလိုအပ်ဘဲ ဆေးဝါးများ သောက်သုံးခြင်းကို ရှောင်ကြဉ် သင့်ကြောင်း သတိ ပေးခဲ့သည်။ ဗြိတိန်နိုင်ငံ၊ ကင်ဆာ သုတေသနဌာနမှ ဒေါက်တာ ကက်အန်နာက Multivitamin ဆေးဝါးများသည် လိုသည်ထက်ပို သောက်မိပါက မလိုလား အပ်သော ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here