အေစီမီလန် တိုက်စစ်မှူး ပါတိုအား ပေါင် ၄၅သန်းဖြင့် ချဲလ်ဆီး ကမ်းလှမ်းရန် ပြင်ဆင်

alt

ချဲလ်ဆီး အသင်းသည် အေစီမီလန် မှ ဘရာဇီး တိုက်စစ်မှူး အလက်ဇန်းဒါး ပါတို အား ပေါင် (၄၅) သန်းတန် ကမ်းလှမ်းမှု တခု

ပြုလုပ်ရန် ထပ်မံပြင်ဆင် နေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နွေရာသီက ကမ်းလှမ်းရန် ကြိုးပမ်းမှု အဆင်မပြေ ဖြစ်ခဲ့သော်လည်း ယခု တကြိမ်တွင်မူ အောင်မြင်မည်ဟု အင်္ဂလန် ထိပ်သီးကလပ်က ယုံကြည်နေသည်။ အသက် (၂၁)နှစ်ရှိ ပါတိုသည် မီလန် ၏ ဆုဖလားများ ဝေးကွာနေသော အခြေ အနေကို စိတ်ပျက်နေပြီး အသင်းမှ ထွက်ခွာရန် စီစဉ် နေကြောင်း သတင်းများ ထွက်ပေါ်လာပြီး နောက် ချဲလ်ဆီးနှင့် အပြိုင် စပိန်ကလပ် ရီးရဲလ် မက်ဒရစ် ကပါ စိတ်ဝင်စားနေသည်။

ယမန်နှစ်က အင်တာမီလန်မှ ဇလာတန် အီဗရာမိုဗစ် နှင့် မက်စ်ဝဲလ် တို့ကို ဘာစီလိုနာ ပြောင်းရွှေ့ရန် စွမ်းဆောင်ပေးခဲ့ သည့် အေးဂျင့်ဖြစ်သူ မီနိုရီယိုလာက ပါတို အား ချဲလ်ဆီးရော၊ ရီးရဲလ်ကပါ အလိုရှိ နေကြောင်း အတည်ပြုခဲ့သည်။ ပါတို သည် ၎င်း၏ လက်ရှိအေးဂျင့် ဂီမာဗီလော့အား ထုတ်ပယ်ကာ မီနိုအား အစားထိုး ခန့်အပ်သွားရန် သေချာနေကြောင်း လည်း သတင်းများက ဖော်ပြခဲ့သည်။

ဂီမာက ပါတို အနေနှင့် မည်သည့်အသင်းသို့ ပြောင်းရွှေ့မည်မှာ မသေချာကြောင်း၊ အဓိက ပြဿနာမှာ မီလန်အသင်း၏ အောင်မြင်မှုများ ဝေးကွာနေခြင်း ဖြစ်ပြီး ပါတို ကိုယ်တိုင်မှာ ဆုဖလားများ ရရှိနိုင်မည့် ဥရောပ ထိပ်တန်း ကလပ်အသင်း တခုခုသို့ ပြောင်းရွှေ့နေလိုနေကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here