Apple iPad ၏ Wi-Fi စံနစ် ပြဿနာ ကြုံနေရဟု ဝေဖန်မှုများ​ ရှိ​နေ

alt

Apple ၏ iPad သည် စတင်ရောင်း​ ချသည့် နေ့တွင်ပင် အမေရိကား​ ၌ အရေအတွက် သုံးသိန်း ကျော် ရောင်းခဲ့​ ရသော်လည်း နည်းပညာ ဆိုင်ရာ

အရေးဆိုမှု အချို့နှင့် ကြံုတွေ့နေရသည်။

အထူးသဖြင့် ယင်းတွင် ပါဝင်သော Wi-Fi စံနစ် သည် အင်တာနက် ချိတ်ဆက်ရာတွင် ပြဿနာ ကြံုနေရကြောင်း ဝယ်ယူသုံးစွဲသူ အချို့တို့က စောဒက တက်နေကြသည်။ Apple ၏ Forum များတွင် အသုံးပြုသူ အချို့က iPad သည် Wi-Fi ချိတ်ဆက်မှုတွင် Signal အနိမ့်သာ ပြသခြင်း၊ သို့မဟုတ် လုံးဝ ချိတ်ဆက်၍ မရနိုင်ခြင်းများ ဖြစ်ပေါ်နေကြောင်း ရေးသားထားကြသည်။

လော့စ်အိန်ဂျယ်လိစ် မြို့ခံ တဦးက မိမိ၏ iPhone ရော၊ အခြားLaptop နှစ်လုံးပါ Wi-Fi Signal အပြည့် မိသည့်​ နေရာတွင် iPad က အင်တာနက် ချိတ်မရကြောင်း ဝယ်ယူသူများက ဆင်ခြေတက် ရေးသား ထားကြသည်။ အင်တာနက် ချိတ်ဆက်မှု အဆင်မပြေ သဖြင့် စိတ်ပျက်နေသော တင်နက်ဆီ မြို့ခံ တဦးကလည်း iPad သည် အင်တာနက် မရှိပါက Windows တွင် ပါရှိသည့် Notepad ထက် ဘာမျှ မထူးခြားကြောင်း ဝေဖန်ခဲ့သည်။

(၄၉၉)ဒေါ်လာ ဈေးနှုန်းဖြင့် စတင် ရောင်းချသည့် iPad သည် 3G ကွန်ရက် ချိတ်ဆက်နိုင်ခြင်း မရှိသေးဘဲ Wi-Fi စံနစ် တခုတည်းသာ ပါရှိသည်။ ချိတ်ဆက်မှု စံနစ် နှစ်မျိုး လုံး အသုံးပြုနိုင်မည့် iPad များကိုမူ ယခု လကုန်တွင် အမေရိကန်နှင့် သတ်မှတ်ထားသော နိုင်ငံအချို့တွင် စတင်ရောင်းချ သွားမည်ဖြစ်သည်။ လေ့လာသူများ၏ အဆိုအရ iPad သည် ပထမ​ ဆုံး တနှစ်အတွင်း အလုံးရေ (၅)သန်း အထိ ရောင်းချနိုင်သည် အထိ အောင်မြင်လိမ့်မည်ဟု မှန်းဆ ပြောဆိုထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here