လူငယ်သွေး၊ အတွေးနှင့် မီဒီယာ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ဒီကနေ့ မီဒီယာတွေကို ကြည့်မယ်ဆုုိရင် လူငယ်တွေ အများအပြား ဝင်ရောက်လာတာကို တွေ့ရတဲ့ အတွက် ဝမ်းသာစရာပါ။ လူငယ်ဆိုုတာ တိုုင်းပြည်ရဲ့ အနာဂတ်

ကြယ်ပွင့်လိုု့ ဆုုိထားကြတဲ့ အတွက် အခုလို မျိုး တိုင်းပြည်ဒေါက်တိုင် မီဒီယာတွေမှာ ဝင်ရောက်လာခြင်း ဟာ ကြိုဆိုစရာ၊ ဂုဏ်ယူစရာ တရပ်ပါ မဟုတ်ပါလား။

လူငယ်သွေး

လူငယ်တွေ သွေး ရဲရဲနီတယ်လို့ အားလုံုးခြံုပြီး မပြောလိုပေမယ့် လူငယ်တိုင်းကတော့ သွေးရှိကြ တယ်၊ စူးစမ်းကြတယ်၊ လေ့လာကြတယ် ဆိုတာကတော့ ငြင်းစရာ မဟုုတ်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့် ဒါကို ပြောနိုင်သလဲ ဆိုရင် ဒီကနေ့ မြန်မာ့ ဒီမိုကရေစီ ရေစီးကြောင်းကို ကြည့်ရင် လူငယ်တွေရဲ့ လှုပ်ရှားမှုတွေက နဂိုရ် အရင့် အရင်တွေထက် ပိုမို ပါဝင်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် ဒီကနေ့ အိုင်တီခေတ်ရဲ့ လူငယ်တွေ၊ ဘလော့ဂ်ဂါတွေရဲ့လှုပ်ရှားမှုတွေ ကလည်း အားလုံးက ဝိုင်းဝန်း စောင့်ကြည့်နေရတဲ့ အဆင့် တောင် ဖြစ်နေကြတယ် ဆိုတာက သက်သေပြ နေပါတယ်။ ဒါ့အပြင် ဒီကနေ့ ကျော်ကိုကို တို့၊ စည်သူမောင် တို့လို ယုံကြည်ချက်ကြောင့် ထောင်တွင်းရောက် လူငယ်တွေ၊ အစိုးရကို အတိုက်အခံ အလုပ်ကောင်းလို့ တိုင်းပြည် ပြင်ပမှာ ခွေးတိုး ဝက်ဝင် နေထိုင်နေရတဲ့ လူငယ်လက်သစ် ဘလော့ဂ်ဂါတွေ၊ သူတို့ရဲ့သွေး ရဲရဲနီတယ် ဆိုတာကတော့ အများက အသိအမှတ်ပြုရမယ့် အနေအထားပါ။ လူငယ်တွေရဲ့ ကြိုးစား အားထုုတ်မှု၊ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေကို လူတိုင်းက စောင့်ကြည့်နေရတဲ့ အနေအထားပါ။

လူငယ်အတွေး

ယနေ့ လူငယ်တွေဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်က လူငယ်တွေ ပိုပြီးတော့ ခေတ် ရေစီးကြောင်းပေါ် ကြိုရောက် နေတတ်ကြ ပါတယ်။ အိုင်တီလိုု့ ခေါ်တဲ့ နည်းပညာ ရပ်ဝန်းမှာ နေ့ရောညပါ ကျင်လည်ရင်းနဲ့ အသိပညာ၊ အတတ် ပညာတွေကိုု ဖြန့်ဝေ နေကြတယ်။ ဒီလိုဘဲ ပရဟိတ လုပ်ငန်းလို့ ခေါ်တဲ့ လူမှုရေး လုပ်ငန်းတွေမှာလည်း လူငယ်တွေရဲ့ ခြေလှမ်းတွေက ရှေ့ရောက်သထက် ရောက်နေကြပါပြီ။

ယနေ့ လူငယ်တွေကို ကြည့်မယ်ဆိုရင် အတွေးရှင်းသလို အလုပ်လည်း ရှင်းကြတယ်လိုု့ ထင်မြင်မိပါတယ်။ မိမိ အတွေးရဲ့ စေစားရာ အတိုင်း၊ မိမိရဲ့ ခံယူချက်အတိုင်း စိတ်ရှိသလို စိတ်သွားတိုင်း ကိုယ်ပါနေကြပါတယ်။ ကိုယ့်ထက် အသက်ကြီးသူမို့ လို့ အသက်ကိုု ကန်တော့သင့်ရင် ကန်တော့မယ်၊ သူလုပ်တဲ့ သဏ္ဍာန် မူမှန်ယင်တော့ ဝေဖန်ရှုတ်ချ ဖို့လည်း ရဲဝင့်ကြတယ်၊ ပြတ်သားကြတယ်။ လုပ်တာ မဟုတ်ရင် မဟုတ်သလို ထောက်ရှုပြတတ် ကြတယ်။ ဒီလိုမျိုး ထောက်ပြတဲ့ အတွက် ဆုံးရှုံးမှုရှိမှာ မကြောက်ကြသလို ဒီ့အတွက် တာဝန်ယူမှု အပြည့်ရှိ ကြတယ်လို့ ပြောနိုင်ပါတယ် ဆိုနိုင်ပါတယ်။ (ဒါကတော့ စာရေးသူရဲ့ ရှုမြင်တဲ့ ထင်မြင်ချက်ပါ ) ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်း ပြောခဲ့သလိုု မြန်မာလူထုဟာ အထင်သေးရမယ့် အနေအထား မျိုးထဲမှာ ပါဝင်နေကြသူများ မဟုတ်ပါ။ ရှင်ကြီးဝမ်းထဲ ဝင်ဖူးကြသလိုု ရှင်ငယ်ဝမ်းလည်း ဝင်ဖူးကြ သူတွေပါ။ မြန်မာတွေ ဟာ ခေတ် အဆက်ဆက်၊ မင်း အဆက်ဆက်၊ အစိုးရ အဆက်ဆက်နဲ့ ကြံုခဲ့ဖူးသလို အုပ်ချုုပ်မှု နည်းပေါင်းစုံ၊ အတွေးအခေါ် ပေါင်းစုံကိုလည်း ထိတွေ့ဖူးကြ သူတွေပါ။

အဲဒီထဲကမှ မြန်မာ လူငယ်တွေကိုု ကြည့်မယ် ဆိုရင်လည်း ဒါမျိုးတွေကို ကြံုချင်ကောင်း ကြံုခဲ့ဖူးကြ ပေမယ့် တဆင့်စကား တဆင့် ကြားသလို အနည်းနှင့်အများ ထိတွေ့ဖူးကြ သူတွေပါ။ ဥပမာ အနေနဲ့ ပြောရရင် စာရေးသူ ကိုယ်တုုိင် ၁၉၈၈ အရေးအခင်း ဖြစ်ချိန်မှာ အသက် ၄ နှစ်သားပါ။ ဒါပေမဲ့လည်း ကြံုခဲ့ဖူးသူတွေ၊ ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူး သူတွေရဲ့ တဆင့်စကား တဆင့်နားနဲ့ ကိုယ်တိုင် မခံစားဖူးပေမယ့် ကိုယ်တိုင် ကြံုတွေ့ဖူးသလို ခံစားနိုင်ပါတယ်။ စာရေးသူ တို့လိုဘဲ လူငယ် အများစု ဟာလည်း ဒီအတိုင်းပါဘဲ။

ဒါကို ပြောရခြင်းဟာလည်း အချို့သော လူကြီးတွေရဲ့ မဆင်မခြင် ပြောစကားတွေ ကြောင့်ပါဘဲ။ မင်းတို့ လူငယ်တွေ ဘာမှ မသိပါဘူး၊ မင်းတို့ မကြံုဖူး ခဲ့ပါဘူးဆိုတဲ့ စကားလုံး တွေ၊ ပြောဆို သံတွေကြောင့် ဒီစကားကို ပြောရခြင်းပါ။ ကနေ့ လူငယ်တွေဟာ အုုိင်တီ နည်းပညာနဲ့ နီးစပ်မှု ရှိလာခြင်းက နဂိုရ် အရင် လူကြီးတွေထက် အားသာချက် ဆိုတာ ငြင်းလို့ မရတော့တဲ့ အနေအထားပါ။ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အဖြစ်အပျက်တွေကို ကိုယ်တိုင် မကြံုဖူးပေမယ့်လည်း အင်တာနက်ပေါ် ကနေတဆင့် ရှာဖွေစီးဆင်းယင် သိမြင် လေ့လာနိုင်ခဲ့ ကြပါတယ်။ ဒီ့အပြင် အယင့် အယင်က အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး တော့လည်း တတိယ လူနေရာကနေ နေပြီး သုံးသပ်ဆင်ခြင် ဝေဖန်မှုတွေ ကိုလည်း ပြုလုပ်လာနိုင်တာကို ကြည့်မယ်ဆိုရင် လူငယ်တွေရဲ့ အနေအထားဟာ နေရာတခုု ရှိသင့်ပြီဆိုတာကို သုံးသပ်နိုင်ပါတယ်။

မီဒီယာ

ဒီကနေ့ မီဒီယာတွေ (ပြည်တွင်း၊ ပြည်ပ) ကိုု ကြည့်မယ်ဆိုရင် လူငယ်တွေနဲ့ အားဖြည့်ထားတာကို တွေ့ရမှာပါ။ လူကြီးတွေရဲ့ ရင့်ကျက်မှု၊ အတွေ့အကြံုနဲ့ လူငယ်တွေရဲ့ ဆန်းသစ်တဲ့ အမြင်၊ သွက်လက်တဲ့ လှုပ်ရှားမှုတွေနဲ့ ပူးပေါင်းပြီး မလွတ်လပ်သေးတဲ့ မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင် နေရာကနေ ဝင်ရောက်လုပ်ကိုင် နေကြပါတယ်။ လူကြီးတွေ ပြောတတ်ကြတဲ့ ဒီမိုကရေစီ ဆိုတာ ကိုု အပြည့်အဝ နားမလည် နိုင်သော်ငြားလည်းပဲ ဒီမိုုကရေစီ ဆိုတာကို သူတို့ သိမြင် နားလည် ခံစားတတ်တဲ့ ဒီမိုကရေစီ အပေါ်မှာတော့ ရူးသွပ်မှုအပြည့်ပါ။ အခုလိုမျိုး အနေအထားမှာ မီဒီယာ မျက်နှာစာပေါ်ရောက် လူငယ်တွေ အပေါ်မှာ လူကြီးလူငယ်၊ အတွေ့အကြံု အနု၊အရင့်၊ အသိအမြင် ထပ်တူ မကျနိုင်ခြင်းနဲ့ လူငယ်တွေရဲ့ ဒီမိုကရေစီ အမြင်၊ ဒီမိုကရေ အသိ၊ ဒီမိုကရေစီ လှုပ်ရှားမှုတွေ ကိုတော့ အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။ ကနေ့ လူငယ်တွေရဲ့ ဒီမိုကရေစီ ရူးသွပ်မှုနဲ့ လူကြီးတွေရဲ့ ဒီမိုကရေစီ ရူးသွပ်မှုခြင်းက ထပ်တူ မညီနုုိင်ပါဘူး။ ဒါကလည်း ခေတ်ကာလ အနေအထားနဲ့ ဖြစ်ပျက် နေတဲ့ အနေအထားတွေ အရ ကွာခြားမှု ဖြစ်ပါတယ်။ ဒါကို လက်ခံထားမယ် ဆိုရင်ဖြင့် ဒီမိုကရေစီရဲ့ အနှစ်သာရ ဆိုတာကို သိရှိ နားလည်နိုင်မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ရူးသွပ်မှု အပါအဝင် တခြားသော အကြောင်း ကြောင်းတွေကြောင့် မီဒီယာ နှင့် အခြားသော ဆက်စပ်မှု လုပ်ငန်းများမှာ လုပ်ကိုင်နေတဲ့ လူငယ်တွေ အပေါ်မှာ ဒီကနေ့ ကြားနေရတဲ့ မီဒီယာကြားက အဖြစ်အပျက်တွေဟာ ထုတ်နှုတ် ပြောမယ်ဆိုရင်ဖြင့် ကုန့် …. မကုန်နိုင်ပေါင် လို့ပင် ဆိုရမှာ ဖြစ်ပါတယ်။ ပြည်တွင်းကို ကြည့်မယ် ဆိုရင်လည်း လူကြီး၊ လူငယ်ပြဿနာ၊ ပြည်ပကို ကြည့်မယ် ဆိုရင်လည်း လူကြီး၊ လူငယ် ပြဿနာတွေကို တွေ့ တွေ့နေရပါတယ်။ အရင်းခံ ပြဿနာဟာ ထပ်တူ မညီနိုင် ပေမယ့် လည်း တခြားသော နည်းလမ်းတွေနဲ့ ဖြစ်ပျက် နေကြတာမျိုးပါ။

ဒီမိုကရေစီကို လေးစားသင့်

စာရေးသူတို့ အားလုံးဟာ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာပြည် လွန်မြောက်ဖို့ အတွက် တသောသော ညံအောင် ဗိန်းမောင်းတိုက် အော်နေတဲ့ ဒီမိုကရေစီ ဒါမှမဟုတ် ဒီမိုကရေစီကို လိုလားသူတိုင်း မဟုတ်တောင်မှ ဒီမိုကရေစီရဲ့အရသာကိုု ခံစားဖူးလို သူတွေချည်း ဖြစ်လိမ့်မယ် ဆိုတာ ယုံကြည်ပါတယ်။ ဒီမိုကရေစီရဲ့ အသီးအပွင့်၊ အဖူးအညွန့် ဆိုတာအတွက် မိမိဘဝ ရပ်တည်ရေးနဲ့ ယှဉ်ပြီး လှုပ်ရှားနေကြတဲ့ သူတွေလို့ အမွှမ်းတင်ပြီး ပြောချင်ပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့ ဖြစ်ဖြစ်သမျှ၊ ကြားကြားသမျှ၊ တွေ့တွေ့ သမျှသော မီဒီယာ (ပြည်တွင်း၊ ပြည်ပ)ကြားက အဖြစ်အပျက် တွေဟာ ဒီမိုကရေစီ ဆိုတာကို ရဖို့ ဆန့်ကျင်မှုတွေနဲ့ တိုက်ခိုက်နေတယ်လို့ ခံစားရပါတယ်။ တိုင်းပြည် ဒေါက်တိုင် ပြည်သူ့ ဘက်တော်သား မီဒီယာတွေမှာတောင် ဒီလိုမျိုး ဖြစ်နေတယ် ဆိုရင်ဖြင့် စာရေးသူတို့ လိုလားတောင့်တ တပ်မက်နေကြတဲ့ ဒီမိုကရေစီ ဆိုတာဟာ ဘာလဲလို့ ပြန်မေး ရတော့မှာပါ။ ဒါကြောင့် ဒီကနေ့ ဒီမိုကရေစီ အရေးအတွက် တိုက်ပွဲဝင်နေကြတဲ့၊ ပြည်သူ့အတွက် အလုပ် အကျွေးပြုနေကြတဲ့ မီဒီယာ၊ ပြည်သူ့ အတွက်ကိုသာ ဦးတည်ရပ်တည် ရမယ်ဆိုတဲ့ မီဒီယာကျင့်ဝတ်ကို လေးစားသော မီဒီယာတိုင်း ဟာ မိမိတို့ လိုလားသော၊ လူသားတိုင်းက လိုလားသော ဒီမိုကရေစီ ဆိုတာကို လိုက်နာ ကျင့်သုံး ကြမယ် ဆိုရင်ဖြင့် …. ဆန့်ကျင်တိုင်းဟာ ဒီမိုကရေစီ မဟုတ်ပါလို့ ။

ထွန်းတောက်နေ

LEAVE A REPLY

Please enter your comment!
Please enter your name here