xXx – 3 ဇာတ်ကားတွင် ဗင်ဒီဇယ် ပါဝင်မည်

alt

တတိယမြောက် ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ရန် ဟောလီးဝုဒ် အက်ရှင်မင်းသား ဗင်ဒီဇယ်က လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်သည်

ဟု သိရှိရသည်။ 3D Version ဖြင့်ပါ ပြသရန် ရည်ရွယ်ထားသည့် xXx 3 တွင် ဒီဇယ်သည် အဓိက ဇာတ်ဆောင် ဇန်ဒါကေ့ အဖြစ် ဆက်လက်ပါဝင် ဦးမည်ဟု ထုတ်လုပ်သူ ရော့ကိုဟင် က ပြောကြားခဲ့ သည်။ xXx 3 ကို 3D ကင်မရာများဖြင့် ရိုက်ကူးသွားမည် ဖြစ်ပြီး Avatar ကဲ့သို့ 3D ဇာတ်ရုံများ တွင်ပါ ပြသသွားရန် ရည်ရွယ်ထား သည်။

ကိုဟင်က ဇာတ်ကားသစ်ကို (၂၀၁၂) ခုနှစ်တွင် ရုံတင်နိုင်ရန် မျှော်လင့်ကြောင်းလည်း ပြောကြား ခဲ့သည်။ မိမိအနေနှင့် ဆယ်စုနှစ် တခုအတွင်း ပုံစံသစ် နှင့် ကွဲထွက်နေသော သူရဲကောင်း အသစ် တဦးကို တွေ့မြင်ရမည်ဟု ယူဆကြောင်း ကိုဟင်က ပြောကြားခဲ့ပြီး ဒီဇယ်၏ ဇာတ်ရုပ်မှာ ကွဲပြားမှုများ ရှိလာနိုင်ကြောင်း သုံးသပ်ခဲ့သည်။

၎င်းက ဂျိမ်းကင်မရွန်၏ Avatar ဇာတ်ကားကိုလည်း 3D စံနစ်အား အသက်သွင်းခဲ့သည့် တော်လှန်ရေး တရပ်အဖြစ် ချီးကျူး ပြောဆိုခဲ့ကြသည်။ ဒီဇယ်အတွက် xXx သည် လူသိများနေသော ဇာတ်လမ်း ကျောရိုးတခု ဖြစ်ပြီး ၎င်းသည် Dominic Toretto နှင့် ပဥ္စမမြောက် Fast and Furious တို့တွင်လည်း ပရိသတ်အကြိုက် အက်ရှင် မင်းသားတဦး အဖြစ် အောင်မြင်ခဲ့သူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here