နှလုံးရောဂါနှင့် သွေးတိုးခြင်း ချောကလက် ပုံမှန် စားခြင်းဖြင့် လျှော့ချနိုင်

alt

နှလုံးရောဂါနှင့် သွေးတိုးခြင်းတို့ကို ချောကလက် ပုံမှန်စားခြင်းဖြင့် လျှော့ချနိုင်ကြောင်း ပညာရှင် များက ထောက်ခံ ပြောကြား လိုက်ကြသည်။

ဂျာမန်လူမျိုး (၁၉၃၅၇) ဦးအား လေ့လာမှုများ ပြုလုပ်ပြီးနောက် ယခု ရလဒ်အား ပညာရှင်များက ကြေညာခဲ့ခြင်း ဖြစ်သည်။ မိမိတို့အနေနှင့် အသက် (၃၅)နှစ် မှ (၆၅)နှစ်ကြား လူပေါင်း နှစ်သောင်း နီးပါးကို (၁၀)နှစ်ကြာ အချိန်ယူ လေ့လာပြီးမှ ယခု စစ်တမ်းကို ဖော်ပြခဲ့ခြင်းဟု ဂျာမန် သုတေသန ပညာရှင် ဒေါက်တာ ဘရိုင်ရန် ဘူဂျစ်ဆီက ရှင်းပြခဲ့သည်။

တနေ့လျှင် ချောကလက် (၇.၅)ဂရမ် ပုံမှန် စားလေ့ရှိသူ များသည် (၁.၇) ဂရမ်သာ ပုံမှန် စားသူများထက် သွေးတိုးနိုင်သော အခြေအနေ လျော့နည်းနေပြီး လေဖြတ်နှင့် နှလုံးရောဂါ ဖောက်ခြင်းများ ဖြစ်နိုင်ခြေ သိသာစွာ နည်းပါးနေကြောင်း ဒေါက်တာ ဘူဂျစ်ဆီက ပြောကြားသွားသည်။ ချောကလက် တွင် ပါဝင်သည့် ကိုကိုးက နှလုံး ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ချောကလက် အညိုများ က ကျန်းမာရေးအတွက် ပိုသင့် လျော်ကြောင်းလည်း ၎င်းက ဆိုသည်။

သို့သော်လည်း ချောကလက် အပြင် အချိုများသော Snack ကဲ့သို့ သွားရည်စာများ အလွန်အကျွံ စားခြင်းကမူ နှလုံး၏ ကျန်းမာရေးကို ပိုမိုဆိုးရွားစေပြီး သွေးတိုးမှုကိုလည်း မြင့်တက် လာစေသဖြင့် ချောကလက်ကို သွားရည်စာများ နေရာတွင် အစားထိုးပြီး နေ့စဉ်သင့်တင့်သည့် ပမာဏမျှ စားခြင်းကသာ အကောင်းဆုံးဟု ပညာရှင်များက သတိပေး ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here