လီဗာပူးအသင်း ချန်ပီယံလိဂ် ဝင်ခွင့် ခက်ခဲလာဟု စတီဗင် ဂျာရတ် ပြောကြား

alt

ချန်ပီယံ လိဂ် ဝင်ခွင့်အတွက် ပရီးမီးယားလိဂ် အမှတ်ပေး ဇယား စတုတ္ထနေရာ ရရှိရေးသည် မျှော်လင့် ထားသည်ထက် ပိုခက်လာကြောင်း

လီဗာပူး အသင်းခေါင်းဆောင် စတီဗင်ဂျာရတ် က ဝန်ခံပြောကြား လိုက်သည်။

အထူးသဖြင့် ယင်း နေရာအတွက် မန်ချက်စတာ စီးတီးအသင်း က ပိုမိုအနေအထား ကောင်းမွန်နေ ကြောင်း အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူက ဝန်ခံ ပြောကြားလိုက်သည်။ မိမိတို့ တသင်းလုံး အစွမ်းကုန် ကြိုးစားနေ ကြောင်း၊ သို့သော်လည်း လာမည့်နှစ် ချန်ပီယံလိဂ်တွင် လီဗာပူးအား မတွေ့ရ ပါကလည်း ထူးဆန်းမည် မဟုတ်ကြောင်း ဂျာရတ်က ပြီးခဲ့သည့် သီတင်းပါတ်က ဘာမင်ဂမ်အား အဝေး ကွင်းတွင် သရေကျခဲ့မှုကို စိတ်ပျက်လက်ပျက်ဖြင့် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဂျာရတ်က အသင်း၏ ရပ်တည်မှု ယိမ်းယိုင်နေခြင်းကြောင့် အသင်းအတွင်း စည်းလုံးမှု ပြိုကွဲနေသည်ဆိုသော ခန့်မှန်း သတင်းများကိုမူ ငြင်းဆန်ခဲ့သည်။ တသင်းလုံး အဆင်ပြေကြောင်း၊ လီဗာပူး၏ မျှော်လင့်ချက်အတွက် နောက်ဆုံး အချိန်အထိ တိုက်ပွဲဝင်သွားရန် အသင့်ရှိကြောင်း ဂျာရတ်က Guardian သို့ ပြောကြား ခဲ့သည်။

အင်္ဂလန်၏ နာမည်ကျော် လက်ရွေးစင်ဟောင်း တိုက်စစ်မှူးကြီး အီရန်ရိုက် ကမူ အောင်မြင်မှုများ ဝေးကွာနေသည့် အသင်း အား အသက်(၂၉)နှစ် ရှိပြီဖြစ်သည့် ဂျာရတ် အနေ နှင့် စွန့်ခွာကာ စိန်ခေါ်မှုသစ်များ ရှာဖွေသင့်ကြောင်း တိုက်တွန်းထား လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here