ဗြိတိန် ရွေးကောက်ပွဲ မေလ ၆ရက် တွင် ကျင်းပမည်

alt

ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက နိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲ များကို မေလ (၆)ရက် နေ့တွင် ကျင်းပ ပေးသွားမည်ဟု

အတည်ပြု ပြောကြားခဲ့သည်။

လေဘာ အစိုးရ အဖွဲ့တခုလုံး နှုတ်ထွက်ပေးပြီး ပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးသူ များ အနေနှင့် စွန့်စားသော ရွေးချယ်မှုများ ဖြစ်ပေါ် မလာစေလိုကြောင်း ထုတ်ဖော် ပြောဆို ခဲ့သည်။ စီးပွားရေး ပြန်လည်ထူထောင်မှု မျှော်လင့်ချက်နှင့် ကို်က်ညီမည့် စစ်မှန်သော အစိုးရကို ရွေးကောက် ပွဲက ဖော်ထုတ် ပေးနိုင်မည်ဟု မိမိ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

ဘရောင်းသည် ယခု ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် နေရာအတွက် ပြန်လည်အရွေးခံ ယှဉ်ပြိုင်မည် ဖြစ်ပြီး ၎င်းသည် ထို့ အတွက် ထောက်ခံမဲ ရရှိစေရန် ဗြိတိသျှ တော်ဝင် ဘုရင်မကြီးအား တွေ့ဆုံခဲ့သေးကြောင်း စွပ်စွဲမှုများ ပေါ်ပေါက်နေခဲ့ သည်။ ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ် ပါတီမှ ဒေးဗစ်ကင်မရွန် နှင့် လစ်ဘရယ် ဒီမိုကရက်တစ် ခေါင်းဆောင် နစ်ကလက် တို့လည်း ပါဝင်ယှဉ်ပြိုင် အရွေးခံမည်ဟု သိရှိရသည်။

ဘရောင်းသည် ယခု သီတင်းပါတ် အတွင်း ဘုရင်မကြီးနှင့် တွေ့ဆုံခဲ့ပြီး နောက် မိနစ်(၂၀)ကြာ ပြောကြားသည့် မိန့်ခွန်း အတွင်း ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်အား အတည်ပြု ပြောဆိုသွားခြင်း ဖြစ်သည်။ ဗြိတိန်နိုင်ငံရေး လောကတွင် ပါတီ(၃)ခု ကသာ ကြီးစိုးထားပြီး ကျန်သော ပါတီငယ်များမှာ အစိုးရ ဖွဲ့နိုင်လောက်သော အင်အားမျိုး မရှိကြချေ။

ရွေးကောက်ပွဲ ဥပဒေအရ အင်အား တောင့်တင်းသော သီးသန့် အစိုးရကို ဖွဲ့စည်းရန် ပါတီတခု အနေနှင့် အမတ်နေရာ (၃၂၆)ခု ရှိရန် လိုအပ်ပြီး ထိုပမာဏ မပြည့်မီပါက ပါလီမန်ကို အပြီး ဖွဲ့စည်းခွင့် ဆိုင်းငံ့ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here