ပထမဆုံး နေ့တွင်ပင် Apple iPad သုံးသိန်းကျော် ရောင်းချရ

alt

Apple ၏ Tablet ကွန်ပြူတာသစ် iPad ကို အမေရိကန်တွင် စတင် ရောင်းချခဲ့သည့် နေ့တွင်ပင် အရေ အတွက် သုံးသိန်းကျော် ရောင်းချ

နိုင်ခဲ့ကြောင်း သိရှိရသည်။

Apple က ဧပြီလ (၃)ရက် နေ့က စတင် ရောင်းချခဲ့သည့် iPad ၏ အရောင်းစံချိန်ကို နှစ်ရက် အကြာတွင် အတည်ပြု ကြေညာခဲ့သည်။ ထို့အပြင် iPad ဝယ်ယူသွားသူ များသည် ထိုနေ့က Application ပေါင်း (၁)သန်းကျော်ကို Download ပြုလုပ် ရယူခဲ့ပြီး Apple ၏ Bookstore မှ စာအုပ်ပေါင်း နှစ်သိန်းခွဲမျှ ဝယ်ယူခဲ့ကြောင်းလည်း သိရှိရသည်။

(၉.၇)လက်မ အကျယ် Touchscreen ပါရှိသော iPad သည် တရားဝင် မရောင်းချမီ Apple က ဇန်နဝါရီလ အတွင်း မိတ်ဆက်ပြသစဉ် ကတည်းက နာမည်ကြီးနေခြင်း ဖြစ်သည်။ သုတေသနဌာန iSuppli က iPad ထွက်ပေါ် လာပြီးနောက် eBook Reader များ ရောင်းချရမှု ပမာဏသည် ယခု နှစ်ကုန်ပိုင်း တွင် (၇.၁)သန်း အထိ ရှိလာမည်ဟု ခန့်မှန်းခဲ့သည်။

iPad သည် အင်တာနက်မှ ရှာဖွေမှုများ ပြုလုပ်ခြင်း၊ ဗီဒီယိုများ ကြည့်ရှုခြင်း၊ ဂိမ်းများ ကစားနိုင်ခြင်း တို့ကိုပါ ပြုလုပ်နိုင် သဖြင့် အခြားသော eBook Reader များထက် လူကြိုက် ပိုများနိုင်ကြောင်းလည်း iSuppli က ခန့်မှန်းထားသည်။ iPad သည် အင်တာနက် ချိတ်ဆက်မှုအတွက် Wi-Fi စံနစ်ကိုသာ အသုံးပြုနိုင်ဦးမည် ဖြစ်သော်လည်း 3G ရော၊ Wi-Fi ပါ ပါဝင်သည့် Verison အသစ်ကို ယခု လကုန်မှ စတင် ရောင်းချ ပေးသွားမည်ဟုလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here