ဝှစ်တနီ ဟူစတန်၏ ပဲရစ် ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရ

alt

အမေရိကန် အဆိုတော် ဝှစ်တနီ ဟူစတန်သည် ပြင်သစ်နိုင်ငံ၊ ပဲရစ် မြို့တော်တွင် ကျင်းပရန် စီစဉ်ထား သည့် ဖျော်ဖြေပွဲ တခုအား

ကျန်းမာရေး အခြေအနေကြောင့် ဖျက်သိမ်း လိုက်ရသည်။

သူမသည် ဧပြီလ (၆)ရက်နေ့က ပဲရစ်တွင် ဖျော်ဖြေရန် စီစဉ် ထားသော်လည်း နာမကျန်း ဖြစ်နေ သဖြင့် အစီအစဉ် ပယ်ဖျက်လိုက်ကြောင်း ဖျော်ဖြေပွဲ Organizer များက ပြောကြား ခဲ့သည်။ အသက် (၄၆)နှစ် အရွယ် ဝှစ်တနီသည် အသက်ရှူ လမ်းကြောင်း အထက်ပိုင်းတွင် ပိုးဝင်သဖြင့် မကျန်းမမာ ဖြစ်နေခြင်းဟု Organizer များက အတည်ပြု ခဲ့သည်။

မူလက ထိုနေ့တွင် ပဲရစ်မြို့ရှိ ပဲရစ်ဘာစီ အားကစား ကွင်းကြီးတွင် ဖျော်ဖြေပွဲ ပြုလုပ်ရန် စီစဉ် ထားခြင်း ဖြစ်သည်။ ဝှစ်တနီ အနေနှင့် နောက်နှစ်ရက် အကြာတွင် ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့၌ ကျင်းပရန် စီစဉ်ထားသော ဖျော်ဖြေပွဲတွင်မူ ပြန်လည်သက်သာ ပျောက်ကင်းလာဖွယ် ရှိနေကြောင်း Organizer များက ခန့်မှန်းထားသည်။

ဝှစ်တနီသည် သူမ၏ Nothing but Love ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်ကို ဖေဖော်ဝါရီလ အတွင်းက တောင် ကိုရီးယားမှ စတင် ပြုလုပ်ခဲ့သည်။ သူမသည် ယင်း ဖျော်ဖြေပွဲ၏ အစိတ်အပိုင်း အဖြစ် ဂျပန်နှင့် ဩစတြေးလျ တို့သို့လည်း သွားရောက် ဖျော်ဖြေထားပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here