ဂျပန်၌ လူသားနှင့် ပိုမို ဆင်တူ လာသည့် စက်ရုပ် အမျိုးသမီး မိတ်ဆက်ပြသ

alt

ဂျပန်နိုင်ငံရှိ ပညာရှင် တဦးက လမ်းလျှောက်နိုင်၊ စကားပြော နိုင်သော လူသားအရွယ် စက်ရုပ် အမျိုးသမီး အား မိတ်ဆက်ပြသ လိုက်သည်။

ပရော်ဖက်ဆာ ဟီရိုရှီ အီရှိုဂူရိုက ၎င်း၏ Android စက်ရုပ်သည် ရယ်မောတတ်ပြီး လူသားနှင့် တူသော အပြုအမူ အတော်များများကို တုပပြုလုပ် နိုင်ကြောင်း ပြသခဲ့သည်။ Geminoid TMF ဟု အမည် ပေးထားသည့် လူတူ စက်ရုပ်တွင် လှုပ်ရှားမှု များကို ထိန်းချုပ်ပေးသည့် စနစ်တခု တပ်ဆင် ထားပြီး ပြံုးရယ်ခြင်း၊ သွားကြိတ်ခြင်း၊ မျက်နှာ ကြော တင်းခြင်းစသည့် ရုပ်သွင် လှုပ်ရှားမှုများကို ပြုလုပ်နိုင်သည်။

အိုဆာကာ တက္ကသိုလ်မှ ပညာရှင်တဦး ဖြစ်သည့် ပရော်ဖက်ဆာ အီရှိုဂူရိုသည် ယင်းစက်ရုပ်အား ဂျပန် စက်ရုပ်လုပ်ငန်း Kokoro ၏ အကူအညီဖြင့် လုပ်ဖော်ကိုင်ဖက် အချို့နှင့် ပူးပေါင်းကာ တီထွင်ခဲ့ခြင်း ဖြစ်သည်။ Geminoid TMF သည် ငယ်ရွယ် နုပျိုသော မိန်းမငယ်လေး တဦးနှင့် ပုံစံတူ ဖန်တီးထားခြင်း ဖြစ်ပြီး သူမနှင့်စက်ရုပ် ယှဉ်ရပ်နေပါက အမြွှာပူး ကဲ့သို့ ထင်ရကြောင်း ပရော်ဖက်ဆာ အီရှိုဂူရို က ဆိုသည်။

ယခုစက်ရုပ်ကို လူသားများ နေရာတွင် အစားထိုး ဆောင်ရွက်သွားနိုင်မည့် ဆေးရုံမှ သူနာပြုကဲ့သို့ လုပ်ငန်းများတွင် အသုံးချ သွားရန် ရည်ရွယ်ကြောင်း ပရော်ဖက်ဆာကြီးက ပြောကြား သွားခဲ့သည်။ နည်းပညာသစ် များကို အသုံးပြု ဖန်တီးထားသည့် Geminoid TMF အတွက် မိမိအနေနှင့် ကျေနပ်ကြောင်း၊ ထို့ထက်ပို၍ စက်ရုပ်များတွင် လူသားဆန်သော ခံစား လှုံ့ဆော် မှုများထည့်သွင်း ပေးသွားရန် ဆန္ဒရှိကြောင်း ပရော်ဖက်ဆာ အီရှိုဂူရိုက ဆက်လက် ပြောဆိုခဲ့သည်။ ၎င်းသည် ယင်းနှင့် ပုံစံတူ Android စက်ရုပ် တရုပ်ကိုလည်း စမ်းသပ် တီထွင်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here