လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ခန့်မှ သမိုင်းဝင် ရုပ် အလောင်းများ ခင်းကျင်း ပြသရန် စီစဉ်

alt

အေဒီ (၇၉)ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်။ ယင်းနေ့သည် ကမ္ဘာ့သမိုင်း တွင် အထင်ရှားဆုံး မီးတောင် ကြီးတခု ပေါက်ကွဲရာ မှတ်တမ်းဝင်

နေ့အဖြစ် ရာဇဝင် တွင်နေခဲ့သည်။

မောင့် ဗစ်ဆူးဗီးရပ် မီးတောင်သည် ထိုနေ့က ပေါက်ကွဲခဲ့ပြီးနောက် အနီးအနား တောင်ခြေရှိ မြို့နှစ် ခုမှ လူပေါင်းများစွာကို သေတွင်းသို့ အရှင်လတ်လတ် မီးမြိှုက်သဂြင်္ိုဟ် ပို့ဆောင်ပေး ခဲ့သည်။ ယခုအခါ သိပ္ပံပညာရှင် များသည် မီးတောင် ချော်ရည်အောက် နစ်မြုပ်သွားသည့် ပွန်ပီမြို့မှ သမိုင်းဝင် ရုပ် အလောင်း များအား အများပြည်သူသို့ ပြသရန် စီစဉ်နေပြီ ဖြစ်သည်။

ချော်ပြာများ ဖုံးလွှမ်းပြီး လူပေါင်း(၁၀၀၀၀)မှ (၂၅၀၀၀)ခန့် သေကြေခဲ့ကြောင်း ခန့်မှန်းရသည့် မြို့ဟောင်း နေရာမှ ရရှိသည့် ရုပ်ကြွင်းများ၊ အရိုးများကို ပလာစတာဖြင့် မပျက်စီးအောင် ထိန်းသိမ်း ပြီးနောက် ပြသသွားရန် စီစဉ်နေကြောင်း မနုဿဗေဒ ပညာရှင် ဂရေတီ စတက်ဖနီက ဆိုသည်။ (၁၉) ရာစု အစောပိုင်း ကတည်းက တူးဖော် တွေ့ရှိခဲ့သည့် ရုပ်ကြွင်း များကို ပလာစတာဖြင့် မွမ်းမံ ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း ပွမ်ပီနှင့်အတူ ချော်ရည်များအောက် နစ်မြုပ်ကာ မြို့သူမြို့သား အားလုံး အရှင်လတ်လတ် မီးလောင်ခံခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ရသည့် အန်တီကွာရီယမ် မြို့ဟောင်း နေရာအား သုတေသန ပြုနေသူ စတက်ဖနီက ဆိုသည်။

ယင်းမြို့နှစ်မြို့သည် မော်တော်ကားဖြင့် (၅)မိနစ်မျှ မောင်းလျှင် ရောက်နိုင်သည့် အကွာအဝေးတွင် တည်ရှိကြသည်။ ထိုရုပ် အလောင်းများကို အတူတကွ ပြသမှုမျိုး တကြိမ်မျှ မလုပ်ဖူးကြောင်း စတက်ဖနီက ရှင်းပြခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀)ခန့်က ဖြစ်ပွားခဲ့သော ကိစ္စကို ယခုပြပွဲက တကျော့့ပြန် သက်ဝင်စေမည်ဟု ယင်းက ပြောကြား ခဲ့သည်။

ထို့အပြင် ပွန်ပီသို့ အလည်လာရောက်သူ အတော် များများကလည်း ယင်းရုပ် အလောင်းများအား တကယ့်လူရိုး ရုပ်ကြွင်း များကို ပလာစတာဖြင့် မွမ်းမံထားခြင်းဟု မထင်ဘဲ ပန်းပုရုပ်များဟု ထင်လေ့ရှိကြောင်း သိရှိရသည်။ ပွန်ပီတွင် တူးဖော် တွေ့ရှိသည့် လူနှင့်တိ​ရိစ္ဆာန် ရုပ်အလောင်းပေါင်း (၁၁၅၀)ခန့်ကို ခင်းကျင်း ပြသထားပြီး ပြပွဲကို နှစ်ကုန်ပိုင်း အထိ ဆက်လက် ထားရှိရန် ရည်ရွယ်ထားကြောင်းလည်း စတက်ဖနီက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here