မိုဘိုင်းဖုန်းသစ် Pink အား Microsoft မိတ်ဆက် ပြသဖွယ်ရှိ

alt

Microsoft သည် ၎င်းတို့၏ မိုဘိုင်းဖုန်းသစ် Pink အား လာမည့် သီတင်းပါတ်တွင် စတင်မိတ်ဆက် ပြသသွားဖွယ် ရှိနေကြောင်း

သတင်းများက ဖော်ပြခဲ့သည်။

အမေရိကန် မီဒီယာများ၏ အဆိုအရ Microsoft သည် ငယ်ရွယ်သော စမတ်ဖုန်း အသုံးပြု လူငယ်ထု ကို အဓိက ဆွဲဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် Pink ကို ဖန်တီးထားခြင်းဟု သိရှိရသည်။ Microsoft ၏ ဖုန်းအသစ်ကို မျှော်လင့်နေသူများ အတွက် Pink သည် သတင်းကောင်း တခု ဖြစ်လာခဲ့သည်။

ကမ္ဘာကျော် Software ကုမ္ပဏီကြီးသည် ဖုန်း၏ Touchscreen နှင့် Keyboard များအတွက် ဂျပန် အီလက်ထရောနစ် ကုမ္ပဏီ Sharp နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး လူငယ်ကြိုက် စမတ်ဖုန်း ဈေးကွက်တွင် လူကြိုက်များနေသော Sidekick ပစ္စည်းများ ပါဝင်လာဖွယ် ရှိနေသည်။ Microsoft မှ ပြောရေးဆိုခွင့်ရ အရာရှိ တဦးက ယင်း မိုဘိုင်းဖုန်းကို အမေရိကန်တွင် Verizon ၏ အကူအညီဖြင့် စတင်ရောင်းချ သွားဖွယ် ရှိနေကြောင်း ပြောကြား သွားခဲ့သည်။

Microsoft သည် ဆန်ဖရန်စစ္စကိုတွင် ဧပြီလ (၁၂)ရက်နေ့၌ ပွဲတခု ကျင်းပရန် စီစဉ်ထားသော်လည်း ထိုပွဲတွင် Pink အား စရောင်း မရောင်းကိုမူ Microsoft က မကြေညာ သေးချေ။ Microsoft ၏ မိုဘိုင်းဖုန်း OS ဖြစ်သော Windows Phone 7 ကို ယခု နှစ်ကုန်ပိုင်းတွင် စတင် ထုတ်ဝေဖွယ် ရှိနေပြီး ယင်းနှင့် ကိုက်ညီမည့် Application များကိုလည်း စမ်းသပ်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here