လီဗာပူး အသင်းအား ရင်းနှီး မြှုပ်နှံရန် ပေါင်စတာလင် သန်းတရာဖြင့် ကမ်းလှမ်း

alt

လီဗာပူး အသင်းအား ပေါင်စတာလင် သန်း(၁၁၀)ဖြင့် ကမ်းလှမ်းလာမှုအား အသင်း ပိုင်ရှင်များက ပယ်ချ လိုက်ကြောင်း သိရှိရသည်။

Rhone Group က အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတွင် ရင်းနှီး မြှုပ်နှံမှုပြုရန် ကနဦး ငွေကြေးဖြင့် ကမ်းလှမ်းလာမှုကို အမေရိကန် သူဌေး တွမ်ဟစ်နှင့် ဂျော့ဂျီးလတ် တို့က ပယ်ချ လိုက်သော်လည်း ယင်းအဖွဲ့က နောက်ထပ်တကြိမ် ပိုမိုကောင်းမွန်သော ကမ်းလှမ်းမှုမျိုး ပြုလုပ်ရန် စီစဉ်နေသည်။

အင်္ဂလန်နှင့် ဥရောပတွင် အခြေအနေ ယိမ်းယိုင်နေသည့် လီဗာပူးသည် ကြွေးမြီ ထူထပ်မှုနှင့် ရုန်းကန် နေရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ ပြီးနောက် အခြားသော ရင်းနှီးမြှုပ်နှံရေး အုပ်စုကြီး နှစ်ခုကလည်း အခြေအနေကို စောင့်ကြည့်နေသည်။ Rhone Group သည် လီဗာပူး၏ ရှယ်ယာ (၄၀) ရာခိုင်နှုန်း အတွက် ယခုငွေကြေး ပမာဏဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သော်လည်း နောက်ထပ်တဆင့် တက်ကာ ရှယ်ယာများ ထပ်မံဝယ်ယူပြီး အသင်းကို အပြီးချုပ် ကိုင်နိုင် ရန် မျှော်လင့်လျှက် ရှိသည်။

လီဗာပူး အသင်း၏ အခြေအနေ များကြောင့် အသင်း၏ တည်ငြိမ်မှု ပျက်ပြားမည်ကို စိုးရိမ်ကြောင်း အသင်းခေါင်းဆောင် စတီဖင်ဂျာရတ် ကလည်း သတင်းထောက် များအား ပြောကြားခဲ့သည်။ လီဗာပူးသည် ပြီးခဲ့သည့် သီတင်းပါတ်ကုန် ဘာမင်ဂမ်အား သရေကျခဲ့ ပြီးနောက် ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့်နှင့် လွဲချော်ရန် သေချာသလောက် အထိ ဖြစ်သွားခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here