ကိုယ်ဝန်ဆောင် အမျိုးသမီးများ အရက် သောက်ခြင်းကြောင့် ကလေးငယ် ဝက်ရူး ပြန်ရောဂါ စွဲကပ်နိုင်

alt

ကိုယ်ဝန်ဆောင် နေချိန်တွင် အမျိုး သမီးများ အရက် သောက်ခြင်းက မွေးဖွားလာသည့် ကလေးငယ်တွင် ဝက်ရူးပြန် ရောဂါစွဲကပ် နိုင်ချေကို

မြင့်တက် လာစေကြောင်း လေ့လာမှု စစ်တမ်း တခုက ဖော်ပြခဲ့သည်။

အသက်(၂)နှစ်မှ (၄၉)နှစ် အရွယ်ကြား ပုဂ္ဂိုလ် (၄၂၅)ဦးကို လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့ သန္ဓေသားလောင်း ဘဝတွင် ရှိစဉ်က မိခင်ဖြစ်သူ အရက် သောက်ခြင်းသည် အသက်အရွယ် ကြီးရင့် လာချိန်တွင် ဝက်ရူးပြန်မှုကို ပိုမို လှုံ့ဆော် ပေးတတ်ကြောင်း ကနေဒါနိုင်ငံ၊ အွန်တေရီယို ရှိ ကွင်းစ် တက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့သည်။

ယင်းသို့ ဖြစ်ရခြင်းမှာ အရက်တွင် ပါဝင်သော အယ်ကိုဟောသည် သန္ဓေသားလောင်း သားအိမ်အတွင်း ရှိနေစဉ် ထိခိုက်မှု များ ဖြစ်ပေါ်စေသည်ဟု ယူဆ ရသောကြောင့်ဟု ပညာရှင် များက ဆိုသည်။ လေ့လာမှုများ အရ အမေရိကန်ရှိ ကလေး ၁၀၀လျှင် တဦးမျှသည် မိခင်ဖြစ်သူ၏ ကိုယ်ဝန်ဆောင်ချိန် အရက် သောက်ခဲ့မှုကြောင့် ဝက်ရူးပြန်ရောဂါ ဖြစ်လေ့ ရှိကြောင်း Alcoholism: Clinical & Experimental Research ဆေးပညာ ဂျာနယ်က ဖော်ပြထားသည်။

ထို့အပြင် မိခင်ဖြစ်သူက သန္ဓေဆောင်စဉ် အရက်နှင့် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမှုကို ကြုံခဲ့ရသော သားသမီးများသည် သာမန်ထက် သက်တမ်းတိုလေ့ ရှိတတ်ကြောင်းလည်း သုတေသီများက ပြောကြားခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here