ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း နှင့် လက်ဆွဲ နှုတ်ဆက်ရန် ငြင်းဆန်ခဲ့သည့် ဗြိတိန်စစ်သား

alt

၎င်းအနေနှင့် ဝန်ကြီးချုပ်က လက်ဆွဲ နှုတ်ဆက်မှုကို ငြင်းဆန်ခဲ့ကြောင်း သူရသတ္တိ အတွက် ဂုဏ်ပြုဆု ချီးမြှင့် ခံထားရသူ ဗြိတိသျှ စစ်သားတဦးက

ထုတ်ဖော်ပြောဆို လိုက်သည်။

ပြီးခဲ့သည့်လ နိုဝင်ဘာလက ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက လက်ကမ်းပေးသည်ကို ငြင်းဆန်​ခဲ့​ ကြောင်း Victoria Cross (VC) ဆုတံဆိပ် ရရှိထားသူ ဒုတပ်ကြပ် ဂျွန်ဆန်ဘီဟာရီက ပြောကြား​ သွားသည်။ ယင်းသို့ ငြင်းဆန်ရခြင်းမှာ ဝန်ကြီးချုပ်သည် မိမိတို့ စစ်သည်များ အပေါ် လေးစားမှုရှိရန် ပျက်ကွက်ခြင်းကြောင့် ဟုလည်း ဘီဟာရီက ရှင်းပြခဲ့သည်။

၎င်းက လက်ကမ်း လာချိန်တွင် လက်မပေးသည့် အပြင် လှည့်ထွက်ခဲ့ကြောင်း၊ လျစ်လျူရှုခံရသူ တဦး​ ၏ ခံစားချက်ကို ဝန်ကြီးချုပ် ကိုယ်တိုင် နားလည်စေ လိုကြောင်း ဘီဟာရီက ထုတ်ဖော် ပြောကြားခဲ့​ သည်။ ဘီဟာရီနှင့် ဘရောင်းတို့သည် ကျဆုံး စစ်သားများအတွက် အောက်မေ့ဖွယ် အခမ်းအနား တခု​ တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်၏ ရုံးအဖွဲ့ ကမူ ဝန်ကြီးချုပ်သည် ဒုတပ်ကြပ် ဘီဟာရီ အပေါ် အပြည့်အဝ လေးစားမှု ရှိကြောင်း၊ ၎င်းသည် တိုင်းပြည်အတွက် သတ္တိပြောင်မြောက်စွာ အမှုထမ်း​ နေသော စစ်သားကောင်း တဦးဖြစ်ကြောင်း ကြေညာခဲ့သည်။ ဘီဟာရီက ယင်း၏ ခံစားချက်သည် နိုင်ငံရေးနှင့် ရောယှက်မှု မရှိကြောင်း၊ ဘရောင်းသည် စစ်သည်များအပေါ် တာဝန် ပျက်ကွက်သည့် ဝန်ကြီးချုပ်အဖြစ် ပုဂ္ဂိုလ်ရေးသက်သက် ခံစားမိသဖြင့် ယခုလို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား​ ခဲ့သည်။

ဘရောင်းနှင့် ဗြိတိသျှအစိုးရသည် အာဖဂန်နစ္စတန် စစ်မြေပြင်တွင် ဗြိတိန်တပ်သားများ အကျအဆုံး များနေခြင်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးနှင့် စစ်သည်များ၏ လုံခြံုရေး​ အတွက် အသုံးစရိတ်များ လုံလောက်စွာ ကျခံခြင်းမရှိဟု ဝေဖန်မှုများ အစဉ်တစိုက် ခံနေရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here