မော်စကိုတွင် အသေခံ ဗုံးခွဲသူ အမျိုးသမီး များမှာ ၁၇နှစ်အရွယ် မုဆိုးမ နှင့် ကျောင်းဆရာမ တဦး တို့ဖြစ်

alt

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ရှိ မြေအောက်ရထား ဘူတာနှစ်ခုတွင် ဗုံးခွဲခဲ့သည့် အသေခံ ဗုံးခွဲသူ အမျိုးသမီး နှစ်ဦးအနက် တဦးသည် ကျောင်းဆရာမ

တဦးဖြစ်ကြောင်း တာဝန်ရှိသူ များက ဖော်ထုတ် တွေ့ရှိခဲ့သည်။

သူမသည် ဒုတိယမြောက် ရထား ဘူတာအား အသေခံ ဗုံးခွဲခဲ့ခြင်း ဖြစ်ပြီး ယင်းကို ဖခင်ဖြစ်သူ ရေဆယ်မက်ဂိုမီဒက် က Novaya Gazeta သတင်းဌာနနှင့် တွေ့ဆုံစဉ် အတည်ပြု ပြောကြား​ ခဲ့သည်။ ဆရာမ တဦးဖြစ်သူ မာရီယမ် ရှာရီပိုဗာ သည် မိမိတို့နှင့် ခွဲနေပြီး နောက်ဆုံး တွေ့လိုက်သည်​ ​ မှာ အင်တာနက်၌ အနီရောင် ခေါင်းစည်းကို ဝတ်ဆင်ထားသည့် ဓာတ်ပုံနှင့် ဖြစ်ကြောင်း ရေဆယ် ကဆိုသည်။

မော်စကို ဗုံးခွဲမှုများ အတွင်း လူ(၄၀) သေဆုံးပြီး ရဲတပ်ဖွဲ့ အခြားဗုံးခွဲသူ အမျိုးသမီး တဦးကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ မတ်လ (၂၉)ရက်နေ့၊ လူအများ ရှုပ်ထွေးနေချိန် ဗုံးခွဲမှုများ​ အား ၎င်းညွှန်ကြားခဲ့ကြောင်း ချေချင်းညာရှိ စစ်သွေးကြွ ခေါင်းဆောင် ဒိုကူအူမာရော့ က ကြေညာခဲ့​ သည်။ ဗုံးပေါက်ကွဲမှု များကြောင့် လူပေါင်း(၈၀)ကျော် ဒဏ်ရာရခဲ့ပြီး အများစုသည် ဆေးရုံတွင်ပင် ရှိနေဆဲ ဖြစ်သည်။

ရဲများသည် ရေဆယ်ထံမှ DNA ကို ရယူပြီးနောက် ဗုံးခွဲသူ အမျိုးသမီးသည် ၎င်း၏သမီး ရှာရီပိုဗာပင် ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။ ရှာရီပိုဗာသည် ဒါဂက်စတန်ရှိ ဘာလာခါနီ ကျေးရွာရှိ ကျောင်းတကျောင်းတွင် ကွန်ပြူတာသိပ္ပံ ဘာသာရပ်ကို (၂၀၀၆)ခုနှစ် ကတည်းက သင်ကြား ပို့ချနေခဲ့သူ ဖြစ်သည်။ သူမသည် မိဘနှစ်ပါးနှင့် အတူနေ​ ပြီး ၎င်းတို့သည်လည်း ကျောင်းမှဆရာ၊ ဆရာမများပင် ဖြစ်ကြသည်။

အခြားသော သတင်းတရပ်တွင် ဖော်ပြထားမှုအရ ရုရှား ရဲတပ်ဖွဲ့သည် အသက်(၁၇)နှစ် အရွယ် အမျိုးသမီးငယ် တဦးကိုလည်း ပထမ အသေခံ ဗုံးသမားအဖြစ် ဖော်ထုတ် အတည်ပြု​ နိုင်ခဲ့ပြီး သူမသည် ကော်ကေးရှပ်မှ သေဆုံးသွားသည့် ချေချင်း စစ်သွေးကြွ တဦး၏ ဇနီးသည် မုဆိုးမဟု ယူဆရကြောင်း ကနဦးသတင်းနှင့် ဓါတ်ပုံထုတ်၍ အတည်ပြု ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here