ကနေဒါ တိုရန်တိုတွင် သတ်ခံ​ ရသော မြန်မာတဦး၏ အမှု ရဲမှ အရေးယူ ဆောင်ရွက်နေဆဲ

alt

မတ်လ (၃၁)ရက်နေ့ အင်္ဂါနေ့ အစောပိုင်းက ကနေဒါနိုင်ငံ၏ မြို့တော် တိုရန်တို ရှိ မြန်မာနိုင်ငံသား များစွာ နေထိုင်လျက် ရှိသော စကက်တွန်း​

အရပ်တွင် အသက်၄၀ အရွယ် မြန်မာတဦး သေစေနိုင်သော ဒါး ဒဏ်ရာများစွာ အထိုးခံရပြီး သေဆုံး သွားကာ ယနေ့ ဧပြီလ (၆)ရက်မှ တိုရန်တို မှုခင်းရဲတပ်ဖွဲ့မှ နာမည်အပြည့် အစုံနှင့် အခင်း ဖြစ်ပွားမှု​ အား ထုတ်ဖေါ်ပြောဆို​ လိုက်သည်။

အခင်း ဖြစ်ပွားပုံမှာ အသက်(၄၀) အရွယ် တိုင်းကျော် နှင့် အခြားသော မြန်မာတဦး (အသက်-၅၀နှစ်) တို့မှာ အင်္ဂါနေ့ နံနက် အစောပိုင်းက တိုရန်တိုမြို့ အနောက်ဖက်စွန်း စကက်တွန်း​ အရပ်တွင် ဘလောက် ၁၉၀၀၊ အနောက် ၂၂လမ်း၊ တောင် ရိပ်သာလမ်း​ နှင့် တီ (T) ရိပ်သာလမ်းထောင့်တွင် ဘီယာ တပါကင် သွားဝယ်ပြီး​ အိမ်သို့ လမ်းလျှောက်​ အပြန် လူတစု အတိုက်​ ခိုက်​ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု ယနေ့ထုတ် CBC News တွင် ဖေါ်ပြထားသည်။

ယခင် အပါတ် ဗုဒ္ဓဟူးနေ့က ကနေဒါ ရဲတပ်ဖွဲ့မှ ပြောကြားရာတွင် အခင်း မဖြစ်ပွားမီ လမ်းဆုံ၌ တိုင်းကျော် နှင့် အခြား​ သူတို့ အော်ကြီးဟစ်ကျယ် ငြင်းခုန် နေကြသည်ကို မျက်မြင်သက်သေ ၂ဦးက တွေ့ရှိရကြောင်း၊ တိုင်းကျော် နှင့် အဖေါ် ပါလာသူမှာ ယခုအခါ ဆေးရုံတွင် ဒါးဒဏ်ရာ များကြောင့် ဆေးကုသမှု ခံယူနေကြောင်း၊ သေဆုံးသူ တိုင်းကျော်​ မှာ ဆေးရုံ​ ရောက်မှ ကွယ်လွန်ကြောင်း ထိုသတင်းစဉ်တွင် ဖေါ်ပြထားသည်။

တိုင်းကျော်မှာ ၁၉၉၆ ခုနှစ်မှ စတင်ကာ စကက်တွန်းတွင်​ နေထိုင်သူ ဖြစ်ပြီး ထိုအရပ်တွင် မြန်မာများစွာ နေထိုင်လျက် ရှိကာ ယနေ့တွင် တိုရန်တို ဘုန်းတော်ကြီး ကျောင်းတွင် သေဆုံးသူ အတွက် ဆွမ်းသွပ် အမျှဝေကြကြောင်း သိရှိရသည်။ ကနေဒါ မှုခင်းရဲတပ်ဖွဲ့ အဆိုအရ ထိုနေ့အခင်း ဖြစ်ပွားမှုတွင် ပါဝင် ပါတ်သက်သော လူ၃ဦးအား လိုက်လံ ရှာဖွေနေဆဲ ဖြစ်ကာ၊ ဤဖြစ်ရပ်မှာ ယခုနှစ် အတွင်း စကက်တွန်း အရပ်၌ ဖြစ်ပွားခဲ့သော ၄ကြိမ်မြောက် လူသတ်မှု ဖြစ်သည်ဟု သိရှိ​ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here