သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း​ ရေး လျှပ်စစ် မော်တော်ကား နစ်ဆန်း စတင်​ မိတ်ဆက်

alt

Nissan ကုမ္ပဏီသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မျှော်မှန်း​ ချက်နှင့် ကိုက်ညီသည့် လျှပ်စစ် စွမ်းအင်သုံး အနာဂတ် မော်တော်​ ကားတစင်းအား

စတင် မိတ်ဆက် ပြသခဲ့သည်။

ယင်း မော်တော်ကားသည် ကားတပိုင်း၊ စကူတာ တပိုင်း ပုံစံမျိုး ဖန်တီးထားခြင်း ဖြစ်သည်။ Land Glider ဟုအမည် ပေးထားသည့် လျှပ်စစ်ကား​ အတွက် ဘီးလေးဘီး ပါရှိပြီး ကားအကျယ်သည် သာမန်​ အိမ်သုံးကား တစင်း၏ ထက်ဝက်ကျော်မျှ​ သာ ရှိနေသည်။

ထိုကားကို ယာဉ်ကြော ရှုပ်ထွေးသည့် မြို့တော်လမ်းမ များတွင် လွယ်ကူစွာ ကူးလူး သွားလာနိုင်ရန် ရည်ရွယ် ထုတ်လုပ်ထား​ ခြင်း ဖြစ်ကြောင်း Nissan ကဆိုသည်။ Glider တစင်းမှ ကေဘင်ခန်းနှင့် တူသော နှစ်ယောက်စီး အခန်း ပါရှိသည့် မော်တော်ယာဉ်သည် တနာရီ (၆၂)မိုင် နှုန်းအထိ အမြန်ဆုံး မောင်းနှင်နိုင်သည်။

ကားအတွင်း ပါရှိသည့် ကွန်ပြူတာ စံနစ်သည် မြန်နှုန်း၊ စတီယာရင် အချိုးအကွေ့ တို့ကို အလို​ အလျှောက် တွက်ချက်ပြသ ပေးနိုင်သည်။ ကားတွင် ပါရှိသည့် အာရုံခံ စံနစ်ကလည်း အခြားကား များ၏ ကိုယ်ထည်ကို ထောက်လှမ်း သိရှိနိုင်ပြီး ယာဉ်​ တိုက်မှု မဖြစ်အောင် တားဆီး ပေးနိုင်မည်ဟု Nissan က ဖွင့်ဟ ပြောကြားလိုက်သည်။ Nissan ကုမ္ပဏီက ယခု မော်တော်​ ကားသည် နာမည်ကောင်းဖြင့် ကျော်ကြားသော Nissan ၏ တီထွင်မှု အမြုတေ တခုဖြစ်ကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ကြေညာခဲ့သည်။

လစ်သီရမ် ဘက်ထရီ အသုံးပြုထားသော မော်တော်ကားသည် စီးရသည်မှာ သက်တောင့်သက်သာ ရှိရုံမျှမက အထူး အကာ​ အရံ တမျိုးစီစဉ် ပေးထားသည့်နှယ် စီးနင်းသူ အတွက် လုံခြံု စိတ်ချရစေကြောင်း Nissan ၏ ပရောဂျက်ဒီဇိုင်း ဒါရိုက်တာ တာကာရှိ နာကာဂျီမာ က သုံးသပ် ပြောဆိုသွားခဲ့သည်။ ယင်းကားသည် ပတ်ဝန်းကျင် ညစ်ညမ်း​ စေသည့် ဓာတ်ငွေ့နှင့် အပူ​ ဓာတ် စွန့်ထုတ်မှုကို (၀) သုည ရာခိုင်နှုန်း အထိ လျှော့ချ ပေးသွားမည် ဖြစ်ကြောင်း နာကာဂျီမာ က ဆက်လက် ပြောဆိုခဲ့​ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here