မန်ယူ တိုက်စစ်အတွက် ကီရင် ဘန်ဇီးမား အား ဖာဂူဆန် ခေါ်ယူ​ ဖွယ်​ရှိ

alt

အသင်း၏ ယိုယွင်းနေသော တိုက်စစ်​ ပိုင်းအတွက် မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာ အဲလက်​(စ်) ဖာဂူဆန်သည် ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး

ကီရင်ဘန်ဇီးမား အား ခေါ်ယူသွားဖွယ် ရှိနေ​ ကြောင်း သိရှိရသည်။

တိုက်စစ်တွင် ဝိန်းရူနီ တဦးသာ အားကိုးရသည့် အနေအထားအတွက် အသက်(၂၂)နှစ် အရွယ် ပြင်သစ် လက်ရွေးစင်အား ဖာဂူဆန်က မျက်စိကျ​ နေခြင်း ဖြစ်ပြီး နွေရာသီတွင် အရ​ ခေါ်သွားဖွယ် ရှိနေသည်။ ၎င်းသည် ရီးရဲလ်သို့ ပြင်သစ်ကလပ် လိုင်ယွန်မှ ပေါင်သန်း (၃၀)ခန့်ဖြင့် ပြောင်းရွှေ့လာ​ သော်လည်း ပုံမှန် ပွဲထွက်ခွင့် မရဘဲ ရုန်းကန်နေ​ ရသည်။

ဘန်ဇီးမားအား ဖာဂူဆန်က ပေါင်သန်း (၂၀)ခန့်​ ပေးကာ ခေါ်ယူသွားရန် စိတ်ဝင်စားလျှက် ရှိသည်။ ရီးရဲလ်​ ကမူ အရည်​ အချင်း​ရှိပြီး ငယ်ရွယ်သော ဘန်ဇီးမားအား အငှား စာချုပ်ဖြင့်သာ လက်လွှတ်​ ခံရန် စဉ်းစားလျှက် ရှိသည်။

ဘန်ဇီးမားအား အီတလီထိပ်သီး အေစီမီလန်ကလည်း စိတ်ဝင်စားလျှက် ရှိရာ ယင်းအတွက် ယူနိုက်တက်​ နှင့် မီလန်တို့ အပြိုင်​ အဆိုင် ဖြစ်လာရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here