တပြိုင်တည်း ချစ်သူ ၃ယောက်​ ထားသည့် ဟောလီးဝုဒ် မင်းသမီး

alt

ဟောလီးဝုဒ် မင်းသမီး ကိတ်​ဟတ်ဆန်​ သည် တပြိုင်တည်း ချစ်သူ​ (၃)ယောက် ထားသည့် အတွက် ဟောလီးဝုဒ် အတင်းအဖျင်း သတင်း​ ဌာန

များတွင် သတင်းကြီးလျှက် ရှိသည်။

Fool’s Gold ဇာတ်ကားမှ မင်းသမီးသည် ဘေ့စ်ဘော ကြယ်ပွင့် အဲလက်(စ်) အေရော့ရို ဒရီဂွတ်​ နှင့် လမ်းခွဲပြီးနောက် ခြေလှမ်းကြဲကြဲနှင့် ချစ်တမ်း ကစားနေကြောင်း နီးစပ်သူများက ဆိုသည်။ ကိတ်​သည် သူမ၏ ဓာတ်ပုံဆရာ ဒါရင်​ အန်ကာမန်၊ အမည်မသိ စတော့ရှယ်ယာ ပွဲစားတဦး တို့အပြင် ဩစတြေးလျ ဂေါက်သီးသမား အဒမ်စကော့နှင့်ပါ တွဲနေကြောင်း သိရှိရသည်။

ကိတ်၏ ခင်ပွန်းဟောင်းဖြစ်ပြီး သူမ နှင့် (၆)နှစ် အရွယ် သားလေး ရိုင်ဒါကို မွေးဖွားထားသည့် Rock ဂီတအဖွဲ့ Black Crowes မှ အဆိုတော် ခရစ်ရော်ဘင်ဆင် ကမူ ကိတ်၏ အမူအကျင့်များ အတွက် စိတ်မချမ်းမြေ့စွာ ဖြစ်မိကြောင်း ပြောကြားလိုက်သည်။ ခရစ်၏ မိတ်ဆွေများက ၎င်းသည် ကိတ်၏ နေထိုင်မှု ပုံစံက သားငယ် ရိုင်ဒါအပေါ် ရိုက်ခတ်လာမည်​ ကို စိုးရိမ်နေ​ကြောင်း ပြောဆိုနေကြသည်။

ကိတ်၏ မိတ်ဆွေအချို့၏ အဆိုအရ သူမသည် အဲလက်(စ်)နှင့် တွဲနေ ကတည်းက ဂေါက်သီး အားကစားသမား အဒမ်နှင့် ခြေပုန်းခုတ်​ နေခဲ့ပြီး အဲလက်နှင့် လမ်းခွဲသည့်အခါ နောက်ထပ် အမျိုးသား နှစ်ဦးကိုပါ ပေါ်ပေါ်ထင်ထင် တွဲခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here