အူမကြီး ကင်ဆာ ကာကွယ်ရေး အတွက် ပန်းသီး စားခြင်းက အစွမ်းထက်

alt

တနေ့ ပန်းသီးတလုံး စားခြင်းက အစွမ်းထက်သော အူမကြီးကင်ဆာ ကာကွယ်ဆေး တလက် ဖြစ်နိုင်​ ကြောင်း သုတေသီများက ပြောကြား​ ခဲ့ကြသည်။

ပိုလန် နိုင်ငံတွင် ပြုလုပ်သော သုတေသန စစ်တမ်း​ များအရ တနေ့ ပန်းသီးတလုံး ပုံမှန် စားသုံးသော အူမကြီး​ ကင်ဆာ ဝေဒနာရှင် (၇၆၅)ဦးသည် ထိုသို့​ မစားသူ ရောဂါသည် (၅၉၂)ဦးထက် ဝေဒနာဒဏ် ခံစားရမှု သက်သာ လျော့နည်းကြောင်း သိရှိလာရ​ သည်။

ဥရောပ ကင်ဆာ တားဆီးရေး ဆေးပညာ ဂျာနယ်တွင် ပန်းသီးတလုံး နေ့စဉ် စားသုံးခြင်း​ သည် အူမ​ကြီးကင်ဆာ​ အတွက် အကျိုး​ ရှိရုံမျှမက အမြောက်အများ စားပေးခြင်းဖြင့် ကင်ဆာ ဖြစ်နိုင်ခြေကို (၅၀) ရာခိုင်နှုန်း လျော့ကျ သွားစေ​ ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း အခြား သစ်သီးဝလံ များတွင် အူမကြီး ကင်ဆာအတွက် ထိရောက်စေသည့် ပန်းသီး၏ အာနိသင်မျိုး မတွေ့ရဟု ယင်း ဂျာနယ်က ဆိုသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ ပန်းသီး၏ အခွံတွင်သာ ပါရှိသည့် အန်တီ အောက်ဆီဒန့် ဓာတ်တမျိုး​ ကြောင့်ဟု ပညာရှင်များက ပြောကြားခဲ့သည်။ ပန်းသီး၏ အသားတွင်လည်း ယင်းဓာတ်မျိုး ပါရှိသည့်​ တိုင် အခွံတွင် ပျမ်းမျှ (၅)ဆခန့် ပိုမိုသိပ်သည်းစွာ ပါရှိတတ်ကြောင်း သိရှိရသည်။

ထို့ကြောင့်လည်း ပန်းသီးအား ရေဆေး ပြီးလျင်လည်း အခွံမခွာဘဲ စားသင့်ကြောင်း သုတေသီ များက အကြံပြုခဲ့သည်။ ကမ္ဘာ့ ကင်ဆာ သုတေသန ဌာနကြီးကမူ လူတဦးသည် မိမိ၏ နေထိုင်စားသောက်ပုံ အလေ့အထကို ပြောင်းလဲကာ နေ့စဉ် သစ်သီးဝလံ များများ စားသုံးခြင်းဖြင့် ကင်ဆာ ရောဂါတိုင်းအား ဖြစ်နိုင်ခြေကို (၃၀) ရာခိုင်နှုန်းမှ (၄၀) ရာခိုင်နှုန်း အထိ လျှော့ချနိုင်မည်ဟု ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here