တရုတ် ရေနံတင် သင်္ဘော နာမည်ကျော် ဂရိတ်​ ဘာရီယာ သန္တာ​ ကျောက်တန်းတွင် သောင်​ တင်နေ

alt

ဩစတြေးလျ အာဏာပိုင် များသည် နာမည်ကျော် ဂရိတ်သန္တာ ကျောက်တန်း​ကြီး​ အနီး သောင်တင်​ နေသည့် တရုတ်ရေနံတင် သင်္ဘော၏

အခြေအနေကို တည်ငြိမ်အောင် အသည်းအသန် ကြိုးပမ်းနေရကြောင်း သတင်းများက ဖော်ပြခဲ့​ ကြသည်။

ရေကြောင်း သွားလာရေး အာဏာပိုင်များက ရေနံ​ များ စတင် ယိုစိမ့်မှု ပြုနေပြီ ဖြစ်နေသည့် သင်္ဘော​ နှင့် ပတ်သက်ပြီး မည်သို့ဆက်လက် ဆောင်ရွက်​ ရမည်ကို စောလျင်စွာ စဉ်းစားနေကြဆဲ ဖြစ်သည်။ ကွင်းစလန်း ပြည်နယ်မှ တာဝန်ရှိသူ များက Shen Neng 1 သင်္ဘောသည် သောင်တင်ချိန်တွင် ဆိုးဆိုး​ ရွားရွား ထိခိုက်မိပြီး ပြန်လည်ပြုပြင်ရန် သီတင်းပါတ်ပေါင်း အတော်​ များများ အချိန်ယူရဖွယ်​ ရှိကြောင်း ဝန်ခံခဲ့ကြသည်။

ထို့ကြောင့်လည်း သင်္ဘောမှ တန်ပေါင်းရာချီ ယိုစိမ့်လာမည့် ရေနံများကို မည်သို့ထိန်းသိမ်း ဖယ်ရှား​ ရမည်ကို တာဝန်ရှိသူ​ များက ညှိနှိုင်း အဖြေရှာနေရဆဲ ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ရှိသူများက သင်္ဘောကုမ္ပဏီ Douglas Shoals အပေါ် အကြီးအကျယ် ကန့်ကွက်မှုများ ပြုလုပ်နေကြသည်။ တရုတ်တွင် မှတ်ပုံတင်ထားသော သင်္ဘော​ သည် ဂရိတ်ကက်ပယ်​ ကျွန်း အရှေ့ဖက်တွင် ဆက်လက်တည် ရှိနေပြီး သင်္ဘောရေပေါ်တွင် ဆက်လက် ပေါ်နေစေရန် ဆွဲ​ သင်္ဘော တစင်းက ကူညီထိန်းသိမ်း ပေးထားရသည်။

တရုတ် သင်္ဘောသား အားလုံးမှာမူ ကုန်းပတ်ပေါ်တွင် ဆက်ရှိနေဆဲ ဖြစ်သည်။ သင်္ဘောမှ ယိုစိမ့်လာသော ရေနံများကြောင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်​ လာမည်ကို အာဏာပိုင်များက စိုးရိမ်နေကြသည်။ သင်္ဘော သောင်တင်မှုအတွက် သင်္ဘောပိုင်ရှင်များ အနေနှင့် ဩစတြေးလျ ဒေါ်လာ (၁)သန်းကို ပေးဆောင်​ ရမည် ဖြစ်ကြောင်း​ လည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here