လွတ်သွားတဲ့ ငါးက ကြီးသတဲ့လား

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

အမျိုးသား ဒီမိုကရေစီ အဖွဲ့့ချူပ်က န.အ.ဖ ရွေးကောက်ပွဲကို ပြတ်သား​ စွာ ငြင်းဆိုလိုက်တဲ့ နောက်ပိုင်းမှာ တချို ့သော လူတွေရဲ့​ လွတ်သော ငါးကကြီးတယ် ဆိုတဲ့ လေသံများ​ ကြားလာ နေရပါတယ်။ မြေပေါ် နိုင်ငံရေး နယ်ပယ်ထဲတွင်လည်း လူထုကို

အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေး ပါတီများ ဆိတ်သုဉ်း သွားမှာကို စိုးရိမ်ခြင်း၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး နိုင်ငံရေးဖြစ်စဉ် ခရီးရှည်ကြီးတွင်​ စစ်ဝါဒီများကို အချိုသတ်ပြီး ချော့မော့ ပေါင်းသင်းကာ တလှမ်းခြင်း​ ညင်သာသိမ်မွေ့စွာ သွားသော ပြောင်းလဲမှုကို ဖန်တီးလိုခြင်း စတဲ့ ဆင်ခြေများ၌​ ဗဟိုပြု စဉ်းစားပြီး သုံးသပ် ဝေဖန် လာကြတာကို တွေ့မြင်လာရတယ်။

မြန်မာနိုင်ငံလို ့သတ်မှတ်ထားတဲ့ ဧရိယာ အကျယ်အဝန်း နယ်မြေထဲက ဗမာ အပါအဝင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ကိုးကွယ်မှုပေါင်းစုံ စရိုက်ပေါင်းစုံလို ့လူဘုံဖြစ်နေတဲ့ လူ့အဖွဲ့​ အစည်းကြီးထဲမှာ လူတိုင်းလိုလို​ သိထားတဲ့ အချက်တခုက

၁၉၆၂ ခုနှစ်တွင် ဗိုလ်နေဝင်းရဲ့​ အာဏာ သိမ်းမှုကြောင့် စစ်အာဏာရှင် စံနစ် စတင်လာခဲ့တယ်။ ၁၉၇၄ ခုနှစ်တွင် ဗိုလ်နေဝင်း အလိုကျ ဖွဲ့​ စည်းအုပ်ချူပ်ပုံ အခြေခံ ဥပဒေတရပ်ကို ရေးဆွဲပြဌာန်း​ အသက်သွင်းပြီး တပါတီ စစ်အာဏာရှင် စံနစ်ကို တည်ဆောက် လာခဲ့တယ်။ ၁၉၈၈ ခုနှစ်တွင် လူထု အုံကြွမှုကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ ့တရားဝင် တပါတီ စစ်အာဏာရှင် စံနစ် ပြိုဆင်း ကျသွားခဲ့တယ်။ ၁၉၇၄ ဖွဲ့စည်းပုံကြီးရဲ့​ အဓမ္မ တရားဝင်မှုကြီး နိဂုံးချူပ်သွားတယ်။

ဒီနေရာမှာ သမိုင်းအချက် အလက်တခု တွေ ့ရတာက

မ.ဆ.လ ပါတီ အုပ်စိုးစဉ်တုန်းက တခြားသော မြေပေါ်နိုင်ငံရေး ပါတီတပါတီ မှ ရှိမနေခြင်းပါပဲ

နိုင်ငံရေး​ လွင်တီးခေါင်ပြင် ကျယ်ကြီးထဲမှာ မ.ဆ.လ ပါတီက တကောင်ထီးထီးကြီး အဖြစ် ရပ်တည်နေခဲ့တယ်။

ပြောရမယ်ဆိုရင် စစ်အာဏာရှင် မ.ဆ.လ ပါတီက တဖက် လူထုကတဖက် နိုင်ငံရေးတိုက်ပွဲကြီး အင်အားမျှ နေခဲ့တယ်။ လူထုရင်ထဲက မမြင်ရတဲ့ နိုင်ငံရေး ပါဝါကို အရှိန်မြှင့့်် လိုက်တဲ့အချိန်မှာ မ.ဆ.လ​ ပါတီအုပ်ချူပ်ရေး ယန္တရားကြီး ထိန်းမနိုင် သိမ်းမရ ပြိုဆင်းကျ သွားခဲ့ရတယ်။ ဒီသမိုင်း အသိကို အခြေခံပြီး အဖြေထုတ် ရမယ်ဆိုရင်

မြေပေါ် ပါတီမရှိပေမဲ့လဲ နိုင်ငံရေး အပြောင်းအလဲကို ဖန်တီးယူလို ့ ရတယ် ဆိုတာပါပဲ။ လူထု​ လိုလားတဲ့ သွေးစစ်တဲ့ ဒီမိုကရေ စံနစ်ကို တည်ဆောက်လို ့ရတယ်။

အရေးကြီးတာက လူထုရဲ့​ ရုန်းကန်ကြိုးစား အားထုတ်မှုကြောင့် အလှည့့်် အပြောင်းကာလက ပေးလာတဲ့ နိုင်ငံရေး အသီးအပွင့့်် ရလဒ်ကို ထိုက်တန်စွာ​ ဆွတ်ခူးရယူဖို ့ နိုင်ငံရေး သမားများလို့ခံယူထားတဲ့ လူတွေက အတွေးအခေါ် အရည်အချင်း ခေါင်းဆောင်မှု ပိုင်းဆိုင်ရာတွေ အဆင်သင့်ဖြစ်နေဖို့​လိုအပ်ပါတယ်။

န.အ.ဖ ကျင်းပလာမဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့​ နိုင်ငံရေး ပြဿနာများ အတွက် အဖြေမဟုတ်ဘူးလို ့ လူတိုင်း လိုလိုက လက်ခံ ထားကြတယ်။ ဘဝနဲ ့ရင်းလို့​ အသွေးအသက် ပေးလို့​ လာတဲ့​ နားလည်မှုဖြစ်တယ်။ န.အ.ဖ ဘယ်လဲ? ဘာလဲ? ဘယ်လောက်ထိ ကောက်ကျစ်သလဲ ဘယ်အထိ မိုက်မဲပြီး သွားနေမလဲ ဆိုတာကို ရှင်းလင်း ပြတ်သားစွာမြင်နေလို ့ ဒီရွေးကောက်ပွဲကို လူ့​ အခြေခံ အသိတရား အရ​ ငြင်းဆန်နေကြတယ်။ ရွေးကောက်ပွဲတွင် န.အ.ဖ ဝန်ထမ်းများနဲ ့ ကြံ့ဖွံ့အဖွဲ့ဝင်များ မဲထည့့်် ပေးလိုက်ယုံနဲ ့ စစ်ဝါဒီများရဲ့​ ပါတီက အပြတ်အသတ် အနိုင်ရသွား နိုင်တယ်ဆိုတာကို လူထုက ကြိုသိနေကြတယ်။ ဒါပေမဲ့ တချို ့​ သောလူတွေက န.အ.ဖ ဖွင့်ပေးတဲ့ တံခါးပေါက် အတိုင်း ဝင်ရောက်ပြီး ဘာမှ မရတာ ထက်စာရင် တခုခုရခြင်းက အမြတ်ပဲဆိုတဲ့ ငါးမရရင် ရေချိုးပြန်မဲ့ အယူအဆကို လက်ကိုင်ထားပြီး သွားနေကြတယ်။ ဒီလူတွေရဲ့ အခြေခံနိုင်ငံရေးဆင်ခြင်မှုက တိုင်းပြည်လူမျိုးနဲ ့အမျိုးသား အကျိုးစီးပွါးထက် ကိုယ်ကျိုးစီးပွါးကို ရှေးရှုထားကြတာကို တွေ့မြင် နေကြရတယ်။ အမျိုးသား ညီလာခံကြီးထဲမှာ လိုချင်တာ ကိုရအောင်် တောင်းဆိုယူမယ် ဆိုတဲ့​ ငြိမ်းချမ်းရေးအဖွဲ့ တွေရဲ့ နောက်ဆုံးရခဲ့တဲ့ သင်ခန်းစာကို ယူတတ်ရင် န.အ.ဖ​ က ပူး​သတ်မယ်ဆိုတဲ့ အတွေး အခေါ်က ဟောင်းနွမ်းပြီး အသုံးမဝင် အလုပ်မဖြစ်တဲ့ အရာတခုဆိုတာ မမေ့သင့်ပါ။

လွှတ်တော်ထဲမှ ပြုပြင်ပြောင်းလဲမှု လုပ်လိုသူများ လွှတ်တော်ထဲတွင် စစ်ဝါဒီ ဗိုလ်ချူပ်များရဲ ့ အရက်ဝယ်၊ ကြက်ဖမ်းဘဝသို ့ ဆိုက်ရောက်ပြီး ဥပဒေပြု အမတ်များ အဖြစ်ကနေ စစ်ဝါဒီ ပဒေသရာဇ် ဘူဇွာများရဲ့​ လိုအင်ဆန္ဒ စကားလုံးများကို ဥပဒေများ အဖြစ်သို ့ သဘောတူ အတည်ပြု ရေးပေးနေရတဲ့ အဆင့့််သို ့ ရောက်သွားမှာကို ကြိုပြီး မြင်ယောင် နေမိပါတယ်။ ဒီကမ္ဘာ မြေကြီးမှာ စစ်အာဏာရှင်က သနားလို ့ စစ်အာဏာရှင်က​ စိတ်သဘောထား အလွန်ကောင်းလွန်းလို ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်သွားတဲ့ တိုင်းပြည် နိုင်ငံဆိုတာ မရှိပါ။ စစ်အာဏာရှင်နဲ ့စံနစ်ကို အပြီးတိုင် နိဂုံးချူပ်နိုင်ခြင်းကြောင့် ဒါမှမဟုတ် စစ်အာဏာရှင်က လုံးဝရှေ ့ဆက်သွားလို ့​ မရအောင် ကြီးမားသော အခက်အခဲ အကြပ်အတည်း စိန်ခေါ်မှုများနဲ့​ ကြုံတွေ ့လာရခြင်း ကြောင့််သာ ဒီမိုကရေစီ နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်တတ်တာကိုသာ တွေ့ရပါတယ်။

ဗမာ စစ်စံနစ်ကတော့ ကြီးမားတဲ့ နိုင်ငံရေး စိန်ခေါ်မှုများကို မကြုံတွေ ့ရတဲ့ အတွက် စစ်အာဏာရှင် စံနစ်ပိုပြီး လက်တံရှည် လာတာကို တွေ့နေ ရပါတယ်။ ဒီလိုကာလမှာ စစ်ဝါဒီ ပဒေသရာဇ် ဘူဇွာများကို​ အားဖြည့့််ပေးပြီး သူတို့အလိုကျ ကပြ အသုံးတော်ခံ ဖြေဖျော်ပေးဖို ့ စိတ်ကူးနေကြရင်တော့ ငရဲကျနေရတဲ့ လူထုရဲ ့ စစ်ကျွန်ဘဝကို သက်တမ်းတိုးပေး နေသလို ဖြစ်နေပါလိမ့့််မယ်။ လောကပါလ တရား၊ ဒီမိုကရေစီ၊ နိုင်ငံရေး​ အခွင့့််အရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့့််နဲ ့လူ ့အခြေခံ အခွင့့််အရေးများ ဆိုတာ စစ်ဝါဒီ များ ပေးသနားမှ ရလာနိုင်တဲ့ အရာများ မဟုတ်ပဲ ကိုယ်တိုင် တည်ဆောက် ဖန်တီးရယူ ကိုယ်ထူကိုယ်ထ ကိုယ်ကျင့့််မှရတဲ့ အရာတွေပဲဖြစ်ကြောင်း​ ကမ္ဘာ့နိုင်ငံများ သမိုင်းဖြစ်စဉ် အထောက်အထား အချက်အလက်တွေက သက်သေခံ ပြနေပါတယ်။

နိုင်ငံရေး သဘော သဘာဝအရ နိုင်ငံရေးရဲ့​ အမြဲတမ်း အရှင်သခင်ဖြစ်တဲ့ လူထုက စစ်ဝါဒီများရဲ့​ အခိုင်းခံ အစေအပါး ဖြစ်နေရတဲ့ အရပ်မှာ သွေးစစ်တဲ့ ဒီမိုကရေစီ ဖြစ်ထွန်း လာဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။​ အုပ်ချူပ်တဲ့ အာဏာပိုင်တွေက ပြည်သူလူထုရဲ့​ ထာဝရ ကျေးကျွန်ဖြစ်နေမှသာ ဒါမှမဟုတ် နိုင်ငံရေးအာဏာက ပြည်သူလူထုဆီက တိုက်ရိုက် ဆင်းသက်နေမှသာ ဒီမိုကရေစီ စံနစ်ကို တည်ဆောက်လို ့ရနိုင်ပါလိမ့့််မယ်။

သက်ဦးဆံပိုင် ပဒေသရာဇ် ဝါဒနဲ့ ဘူဇွာစိတ်ဓါတ်ကို လက်ခံ ယုံကြည်ကျင့့််သုံးနေတဲ့ လက်တဆုပ်စာ ဗမာစစ်ဝါဒီများနဲ့ စိတ်ရူးပေါက်နေတဲ့ ဘုရင်အလိုကျ ဖော်လံဖား လုပ်ပေး နေကြတဲ့ လူတွေ ထင်တိုင်းကျဲနေတဲ့​ အခုလို ဇာတ်ပျက် အကျင့့််ပျက် တောမီးလောင်နေတဲ့ ကာလပျက် ခေတ်ပျက်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ တရားမျှတ၊ တန်းတူရေးနဲ့​ ငြိမ်းချမ်းတဲ့ လူ့ဘောင် မြန်မာနိုင်ငံမှာ ထူထောင်ဖို့ လူထုဦးဆောင်တဲ့ လူထု​ တော်လှန်ရေးကသာ တခုတည်းသော အဖြေအစစ် ဖြစ်ကြောင်းသာ ဆိုပါရစေ။

ညီညီထွေး (နယ်သာလန်)

LEAVE A REPLY

Please enter your comment!
Please enter your name here