ဘန်ကောက် စီးပွားရေး အချက် အခြာ နေရာများအား ရှပ်နီဝတ် ဆန္ဒပြသူများ ပိတ်ဆို့ထား

alt

ထိုင်းနိုင်ငံရှိ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ ရှပ်နီတပ်ဖွဲ့ များသည် ဘန်ကောက် မြို့တော်၏ စီးပွားရေး နှလုံးသည်းပွတ်ဟု တင်စားရမည့်

ရပ်ကွက်အား ပိတ်ဆို့ထားပြီ ဖြစ်သည်။

စီးပွားရေးအရ ဘန်ကောက်၏ အချက်အချာ အကျဆုံးနေရာ ပတူဝမ်း၊ ပတူနန်း၊ ဆီးလုံ စသော နေရာများကို အစိုးရ အာဏာအား ဖီဆန်သည့် အနေနှင့် ဆန္ဒပြသူများက ဈေးဝယ်သူများ ဈေးဝယ်၍ မရအောင် ဧပြီလ (၃)ရက်နေ့ ကတည်းက ပိတ်ဆို့ထားခြင်း ဖြစ်သည်။

ယင်းတို့သည် ဝန်ကြီးချုပ် အဘီဆစ် ဝိချာချီဝ ဦးဆောင်သော အစိုးရအား ရာထူးမှ နှုတ်ထွက် ပေးရန် နှင့် ရွေးကောက်ပွဲ အသစ်ပြန်လည် ကျင်းပပေးရန် တောင်းဆိုနေကြသည်။ အစိုးရသည် ယခုအခါ ဆန္ဒပြသူ များအား အင်အားသုံး ဖယ်ရှားနိုင်ရန် တရားရုံး အမိန့်ရရှိရေး ကြိုးပမ်းနေကြောင်း သိရ သည်။ ရှပ်နီဝတ် ဆန္ဒပြသူ များသည် ဧပြီလ (၄)ရက် နေ့က ၎င်းတို့၏ ဒုတိယမြောက် ပိတ်ဆို့မှုအဖြစ် ဈေးဆိုင်ကြီးများ၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးများ တည်ရှိရာ ရပ်ကွက်အတွင်း စုရုံး ညအိပ်ခဲ့ကြသည်။

၎င်းတို့အနေနှင့် တောင်းဆိုမှုများအား အစိုးရက မလိုက်လျောမချင်း ယင်းနေရာမှ ထွက်ခွာမည် မဟုတ်ဟုလည်း ကြေညာထားသည်။ ယင်းသို့ ပိတ်ဆို့ထားမှုကြောင့် ဘန်ကောက်ရှိ ကုန်သွယ်မှု လုပ်ငန်းများတွင် အမြောက်အမြား ထိခိုက် ဆုံးရှုံးခဲ့ပြီး အစိုးရအနေနှင့် ယင်းလှုပ်ရှားမှုကို တရားမဝင်ကြောင်း ကြေညာပြီး သည့်တိုင် တရားရုံးက ဖယ်ရှားမိန့်ကို မရရှိ သေးခြင်းကြောင့် အခြေအနေမှာ ထူးခြား မလာသေးပေ။

ရှပ်နီတပ်ဖွဲ့ ခေါင်းဆောင်များသည် ၎င်းတို့ ဖမ်းဆီးခံရသည့်တိုင် လှုပ်ရှားမှုကို ဆက်လက် ပြုလုပ်သွားရန် လူထုအား တောင်းဆိုထားပြီး အာဏာ ဖီဆန်မှုကို ဆက်လက် တည်ရှိ စေရန် စည်းရုံးနေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here