မက္ကစီကိုတွင် အင်အား ပြင်ထန်သည့် ငလျင်လှုပ်

alt

မက္ကစီကို နိုင်ငံတွင် အင်အား ပြင်းထန်သော မြေငလျင်တခု လှုပ်ရှားသွားရာ​ အနည်းဆုံး လူ(၂)ဦး သေဆုံး သွားကြောင်း သိရှိရသည်။

ယင်းငလျင်၏ ဒဏ်ကို အမေရိကန်ရှိ ပြည်နယ် နှစ်ခုကလည်း ခံစား သိရှိခဲ့သည်ဟု ဆိုသည်။ ဧပြီလ (၄)ရက်နေ့ နေ့လယ်ပိုင်းက အမေရိကန်နှင့် မက္ကစီကို နယ်ခြားမြို့ မက္ကစီကာလီအနီး လှုပ်ရှားသွားသည့် ပြင်းအားအဆင့် (၇.၂)ရှိသော ငလျင်ကြီးသည် ဆယ်စုနှစ်များ အတွင်း အပြင်းထန်ဆုံး ဒေသတွင်း ငလျင် တခုလည်း ဖြစ်လာခဲ့သည်။

ငလျင်ကြီး လှုပ်ရှားပြီးနောက် ပြင်းအားအဆင့် (၅.၁)မှ (၄.၃)ထိရှိသော ဆင့်ပွား ငလျင်ငယ် အကြိမ် (၂၀)မျှ ထပ်မံ လှုပ်ရှားခဲ့သေးကြောင်း အမေရိကန် ငလျင် လေ့လာရေး အေဂျင်စီက ပြောကြားခဲ့ သည်။ အဆောက်အအုံ အချို့ ပြိုကျခြင်းနှင့် ပစ္စည်းများ ပိမိခြင်း တို့ကြောင့် လူ(၂)ဦး သေဆုံးပြီး အနည်းဆုံး (၁၀၀)ကျော် ဒဏ်ရာများ ရရှိခဲ့သလို မက္ကစီကာလီနှင့် အနီးဝန်းကျင် ဒေသအချို့တွင် အနည်းဆုံး (၁၄)နာရီမျှ လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း သတင်းများက ဆိုသည်။

မက္ကစီကို အစိုးရက နောက်ထပ်ထိခိုက်မှု သတင်းများအား လေ့လာနေဆဲဖြစ်ပြီး ငလျင်ကြောင့် အဆောက်အအုံနှင့် လမ်းတံတားအချို့ ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။ အများအားဖြင့် အိမ်ပြူတင်းပေါက် မှန်များကွဲကြေခြင်း၊ အချို့အိမ်များတွင် အုတ်များပြိုကျခြင်းစသည်တို့ ဖြစ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ငလျင် လှုပ်ခတ်မှုကို ကိုယ်တွေ့ ကြံုခဲ့ရသည့် မက္ကစီကာလီ မြို့ခံတဦးက ယင်းသည် ငလျင် လှုပ်ခတ်ချိန်တွင် ကနူးလှေ တစင်းဖြင့် သမုဒ္ဒရာ အလယ် ဖြတ်ကူးနေသလို ယိမ်းထိုး ခံစားခဲ့ရကြောင်း သတင်းထောက် များအား ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here