တောင်ကိုရီးယား ရေနံတင်သင်္ဘော ဆိုမာလီယာ ပင်လယ်ဓားပြများ ပြန်ပေးဆွဲ

alt

တောင်ကိုရီးယားပိုင် ရေနံတင် သင်္ဘောတစင်းအား ဆိုမာလီယာ ပင်လယ် ဓားပြများက​ ပြန်ပေးဆွဲ သွားကြောင်း သိရှိရသည်။

တန်ချိန် သုံးသိန်း တင်ဆောင်နိုင်သော Samho Dream သင်္ဘောသည် အိန္ဒိယ သမုဒ္ဒရာကို ဖြတ် ကျော်စဉ် ဓားပြများက ကြားဖြတ် တိုက်ခိုက်ကာ သင်္ဘောသား (၂၄)ဦး ကိုပါ ဖမ်းဆီးသွားသည်။ ဧပြီ လ (၄)ရက် နေ့က စီးနင်း ခံလိုက်ရသော သင်္ဘောကို ရှာဖွေ ကယ်တင်ရန် ယခုအခါ တောင် ကိုရီးယား အစိုးရသည် ဖျက်သင်္ဘော တစင်းအား ဆိုမာလီ ကမ်းလွန်သို့ စေလွှတ်လိုက်ပြီ ဖြစ်သည်။

အစိုးရဩဇာ ကင်းမဲ့နေသော ဆိုမာလီယာတွင် ပင်လယ် ဓားပြများသည် အစွမ်းကုန် ထကြွသောင်း ကျန်းနေပြီး ယမန်နှစ် အတွင်း ဒေါ်လာငွေ သန်းပေါင်း များစွာကို ပြန်ပေးငွေအဖြစ် ရရှိခဲ့ကြသည်။ တောင်ကိုရီးယား ရေတပ်သည် Cheong-hae ဖျက်သင်္ဘောအား အေဒင် ပင်လယ်ကွေ့သို့ စေလွှတ်လိုက်ကြောင်း အတည်ပြုခဲ့သည်။

Shamho Dream သင်္ဘောတင် တောင်ကိုရီးယား သင်္ဘောသား (၅)ဦးနှင့် ဖိလစ်ပိုင် သင်္ဘောသား (၁၉)ဦးတို့ လိုက်ပါသွားကြပြီး ယင်းတို့အတွက် စိုးရိမ်ကြောင်း တောင် ကိုရီးယား ရေတပ်က ကြေညာသည်။ သင်္ဘော၏ တန်ဖိုးသည် ဒေါ်လာသန်း(၁၇၀) ခန့်ထိရှိပြီး ယင်းအတွက် ပြန်ပေးငွေမည်မျှ ပေးချေရမည်ကို ဆိုမာလီ ပင်လယ်ဓားပြများက တောင်းဆိုလာခြင်း မရှိသေးကြောင်းလည်း ရေတပ်က ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here