ရေကာတာများ အခြေအနေ တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်း နိုင်ငံအချို့ ဆွေးနွေး

alt

မဲခေါင်မြစ်ပေါ်ရှိ တရုတ်နိုင်ငံမှ ရေကာတာများ၏ အခြေအနေ အတွက် တရုတ်နှင့်​ မဟာမဲခေါင် မြစ်ဝှမ်း နိုင်ငံအချို့တို့ ဆွေးနွေးမှုများ

ပြုလုပ်နေကြောင်း သိရသည်။

တရုတ်နိုင်ငံရှိ ရေကာတာများတွင် ရေထု လျော့နည်းလာပြီး ဆယ်စုနှစ်များ အတွင်း ရေမျက်နှာပြင် အနိမ့်ဆုံး အခြေအနေ အထိ ကျဆင်း သွားမှုအတွက် ဧပြီလ (၄)ရက်နေ့တွင် ထိုင်းနိုင်ငံရှိ ပင်လယ် ဆိမ်ကမ်းမြို့ ဟွာဟင်းတွင် တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများမှ ခေါင်းဆောင်အချို့ ဆွေးနွေးမှု စတင် ပြုလုပ်ခဲ့ ကြသည်။

တရုတ်နိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးနှင့် ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ် တို့ရှိ ဝန်ကြီးချုပ်များ ယင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး လူပေါင်း သန်း(၆၀)မျှ မှီခိုနေရသည့် မဲခေါင်မြစ်၏ အနာဂတ် အတွက် တိုင်ပင် နှီးနှောမှုများ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် သဘာဝ ပတ်ဝန်းကျင် နှင့် ရာသီဥတု ပြောင်းလဲလာခြင်းက မဲခေါင်မြစ်ပေါ်ရှိ တရုတ် ရေအားလျှပ်စစ် စက်ရုံများအပေါ် မည်သို့သော ရိုက်ခတ်မှုများ ဖြစ်လာနိုင်သည် ဆိုသော အခြေအနေ အား အဓိက ဆွေးနွေးခဲ့ကြောင်း အစည်းအဝေး ကြီးကြပ်ရေးမှူး ဂျာရီမီဘက် ကဆိုသည်။

တိုင်းတာမှုများ အရ ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် လာအို တို့အနီးတွင် မဲခေါင်မြစ်ရေသည် နှစ်ပေါင်း(၅၀)ကျော်အတွင်း အနိမ့်ဆုံး အထိ ကျဆင်းနေကြောင်း သိရှိရသည်။ တရုတ် နိုင်ငံသည် မဟာ မဲခေါင်မြစ်ဝှမ်း ဒေသ နိုင်ငံများတွင် မဲခေါင် မြစ်ရေနှင့် ပတ်သက်ပြီး အကြပ်အတည်း တွေ့စေမည် မဟုတ်သလို မဲခေါင်မြစ်အတွင်း တည်ဆောက် ထားသည့် ရေကာတာ နှင့် ရေအားလျှပ်စစ် စက်ရုံများမှ စွမ်းအားကိုလည်း မျှဝေ ပေးသွားမည်ဟု ကတိပြု ထားကြောင်း သိရှိရသည်။

ယခု အစည်းအဝေးကို အိမ်နီးချင်း နိုင်ငံများမှ ဝန်ကြီးချုပ်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ Dialogue Partner အဖြစ် ပါဝင်ခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here