ကလေးတဦး မွေးစားရန် ဂျက်ဆီကာ အယ်ဘာ စီစဉ်နေ

alt

ဂျက်ဆီကာ အယ်ဘာက သူမသည် ကလေးတဦး မွေးစားရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောဆို လိုက် သည်။ Fantastic Four စတား

ဟောလီးဝုဒ် မင်းသမီးက သူမ၏ သမီးဦးလေးအား (၂၀၀၈)ခုနှစ်၊ ဇွန်လက မွေးဖွားခဲ့သော်လည်း နောက်ထပ် ကလေးတဦး မွေးစားရန် ခင်ပွန်းသည် ကက်ရှ်ဝါရင်နှင့် တိုင်ပင်ထားကြောင်း သိရှိရသည်။

ဂျက်ဆီကာသည် မကြာသေးမီက TV Show တခုအတွက် ကလေး(၁၃)ဦး မွေးစားထားသော မိသားစု တခုထံ သွားရောက် တွေ့ဆုံခဲ့ပြီးနောက် ကလေး မွေးစားလိုစိတ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ရုပ်မြင်သံကြား အစီအစဉ် တခုနှင့် အင်တာဗျူးတွင် ဂျက်ဆီကာက သူမသည် ကြီးမားသော မိသားစုကြီး တခုကို ဖန်တီး လိုကြောင်း၊ ကလေးများလည်း နောက်ထပ် ပိုလိုချင်ပြီး သိုင်းသိုင်းဝိုင်းဝိုင်း မိသားစု ဘဝမျိုးကို မျှော်လင့်တောင့်တ မိကြောင်း ပြောဆိုသွားသည်။

အသက်(၂၈)နှစ်ရှိ မင်းသမီးသည် ယခင်ကလည်း သူမနှင့် ခင်ပွန်းသည် ဝါရင်းတို့မှာ နောက်ထပ် သားသမီး ရယူရန် စိတ်ကူး ထားကြောင်း ပြောကြားခဲ့ဖူး သေးသည်။ သူမက ကလေးများနှင့် မိသားစု လိုက် အပျော်ခရီး ထွက်ရသော ခံစားမှုမျိုးကို သဘောကျကြောင်း၊ မိသားစု ဘဝကို နားမလည် သူများသည် သာမန်ထက် အထီးကျန်တတ်ပြီး သူမ ကိုယ်တိုင်ကမူ ပျော်ရွှင် စရာ မိသားစု၏ တန်ဖိုးကို ကောင်းစွာ သဘောပေါက်ကြောင်း ဂျက်ဆီကာက ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here