တိုက်စစ်မှူးသစ် မော်ရိုချာမက် အား အာဆင်နယ် အသင်းမှ ခေါ်ယူပြီ

alt

အာဆင်နယ် နည်းပြကြီး အာဆင်း ဝင်းဂါးက ၎င်းတို့ အသင်းအတွက် တိုက်စစ်မှူးသစ် အဖြစ် မော်ရို ချာမက်အား အပြီးသတ် စာချုပ်

နိုင်ခဲ့ပြီဟု ယနေ့ကြေညာ လိုက်သည်။

ပြင်သစ်လူမျိုး နည်းပြကြီးက မော်ရိုကို လက်ရွေးစင် တိုက်စစ်မှူးသည် ပြင်သစ်ကလပ် ဘောဒိုးလ်မှ ရာသီကုန်တွင် အာဆင်နယ်သို့ ပြောင်းရွှေ့ လာတော့မည်ဟု အတည်ပြုခဲ့သည်။ အံ့အားသင့်စရာ အခြေအနေ တရပ်မှာ ဝင်းဂါး သည် ကစားသမား ဝယ်ယူရန် ပေါင်စတာလင် (၄၅)သန်းမျှ ငွေကြေးကို ကိုင်ဆောင်ထား သော်လည်း ချာမက်အား ပြောင်းရွှေ့ကြေး အလွတ်ဖြင့် အရ ခေါ်လိုက်နိုင်ခြင်း ဖြစ်သည်။

ချာမက်သည် အာဆင်နယ်တွင် ပေါင်စတာလင် (၁၂)သန်းတန် (၄)နှစ် စာချုပ်အတွက် သဘောတူ ညီမှု ရရှိခဲ့သည်။ ဝင်းဂါးက ချာမက်ကဲ့သို့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦးအား စာချုပ် လိုက်နိုင်ခြင်းကြောင့် အသင်း၏ တိုက်စစ်စွမ်းအင် ပိုမိုမြင့်တက် လာမည်ဟု ယုံကြည်ကြောင်း ထပ်လောင်း ပြောဆို သွားခဲ့သည်။

ချာမက်၏ ဘောဒိုးလ်သည် ချန်ပီယံလိဂ် ပထမ အကျော့တွင် အရေးနိမ့်ထားသည့် လိုင်ယွန်အား ကျော်ဖြတ်နိုင်ပါက သီအိုရီ အရ အာဆင်နယ်အား ဗိုလ်လုပွဲတွင် တွေ့ဆုံနိုင်မည့် အခြေအနေ ရှိနေ ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here