Apple iPad အမေရိကန်တွင် စတင် ရောင်းချ

alt

Apple ကုမ္ပဏီသည် ၎င်းတို့ ကြေညာထားသည့် Touchscreen ကွန်ပြူတာ အသစ် iPad အား​ ဧပြီလ (၃)ရက် နေ့တွင် အမေရိကား ၌ စတင် ရောင်းချ

နေပြီ ဖြစ်သည်။

ထိုနေ့ ဒေသစံတော်ချိန် (၉)နာရီမှ စကာ အမေရိကန်နိုင်ငံ တဝှမ်းရှိ Apple စတိုးပေါင်း (၂၀၀) ကျော်တွင် iPad အား စတင် ရောင်းချ ခြင်းဟု သိရှိရသည်။ (၄၉၉) ဒေါ်လာဖြင့် ရောင်းချသော iPad တွင် အင်တာနက် ချိတ်ဆက် ရန် Wi-Fi စံနစ်သာ ပါရှိ သေးသော်လည်း 3G စံနစ်ပါ ပါဝင်လာမည့် Version အသစ်ကို လကုန်ပိုင်းတွင် အမေရိကန်နှင့် နိုင်ငံအချို့၌ ရောင်းချ ပေးသွားမည်ဟု Apple က ကြေညာထားသည်။

eBook များ ဖတ်ရှုနိုင်ရန် အဓိကရည်ရွယ် ထုတ်လုပ်ထားသော iPad သည် Amazon ၏ထုတ်ကုန် Kindle အတွက် အဓိက ဈေးကွက်ပြိုင်ဖက် ဖြစ်လာဖွယ် ရှိနေသည်။ iPad နှင့် ပတ်သက်ပြီး ဝေဖန်မှု များ ရှိနေသော်လည်း iPhone အပါအဝင် စမတ်ဖုန်း မျိုးစုံ သုံးစွဲဖူးသလို MacBook Air အမျိုး အစား Laptop ကို ဝယ်ယူထားသည့် ဘတ်ဂိုဇာက သူမသည် iPad မှာ ကွန်ပျူတာ လောကအတွက် ပြောင်းလဲမှုတခုကို ဆောင်ကြဉ်းပေးမည်ဟု ယူဆကြောင်း ပြောကြား ခဲ့သည်။

ဂိုဇာ ကဲ့သို့ပင် iPad နှင့် ပတ်သက်ပြီး အကောင်းမြင် မျှော်လင့်သူ အမြောက်အများ ကလည်း iPad ကို ဦးဦးဖျားဖျား ကိုင်တွယ်ခွင့် ရရန်အတွက် ထိုနေ့နံနက် (၅)နာရီ ကတည်းက Apple စတိုးဆိုင်များ ရှေ့တွင် စောင့်ဆိုင်း နေခဲ့ကြသည်။ iPad သည် အထူ လက်မဝက် သာရှိသဖြင့် ပေါ့ပါးပြီး မျက်နှာပြင် အကျယ် (၉.၇)လက်မ ရှိနေခြင်းက eBook များ ဖတ်ရှုရာတွင် အဆင်ပြေစေမည် ဖြစ်သည်။

iPad အား Hard Disk Space အလိုက် ဈေးနှုန်းများ ခွဲခြားထားပြီး (၄၉၉)ဒေါ်လာမှ (၈၂၉)ဒေါ်လာ အထိ ကျသင့် မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here