ပင်လယ် ဓားပြဟု မင်္သကာသူ များအား အမေရိကန် ရေတပ်ဖမ်းဆီး

alt

အမေရိကန် ရေတပ်သည် ဆေးရှဲလ် ကျွန်းအနီး ပင်လယ်ဓားပြဟု မသင်္ကာသူ အနည်းဆုံး (၂)ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

ဧပြီလ (၁)ရက် နေ့က ရေတပ် စစ်သင်္ဘောသည် ပင်လယ်ဓားပြ လှေဟု ယူဆရသည့် ရေယာဉ်​တစင်း​ နှင့် အပြန်အလှန် ပစ်ခတ်ပြီးနောက် ယင်းလှေကို ဖောက်ခွဲ နှစ်မြှုပ်လိုက်ပြီး ပင်လယ် ဓားပြများက မိခင် ရေယာဉ်အဖြစ် အသုံးပြုသော ရေယာဉ် တစင်းကိုလည်း သိမ်းပိုက်လိုက်ကြောင်း ပင်တဂွန် စစ်​ ဌာနချုပ်က ကြေညာသည်။

ဆေးရှဲလ် ကျွန်း အနောက်ပိုင်း နိုင်ငံတကာ ရေပိုင်နက်တွင် USS Nicholas သင်္ဘောက ပင်လယ် ဓားပြလှေဟု ယူဆရသော ရေယာဉ်အား ရပ်တံ့ရန် အကြောင်းကြားခဲ့ရာ ယင်းတို့က စတင် ပစ်ခတ်​ ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် တိုက်ပွဲ ဖြစ်ပွားပြီး မိခင်ရေယာဉ်ကို ရေတပ်က စီးနင်းခဲ့ကြောင်း ပင်တဂွန်​ က ကြေညာသည်။

ယခု လောလောဆယ်တွင် ဖမ်းမိထားသော ပင်လယ် ဓားပြများအား အမေရိကန် စစ်သင်္ဘော ပေါ်တွင်သာ ထိန်းသိမ်းထားပြီး ယင်းတို့အား ဆေးရှဲလ် အစိုးရလက်သို့ လွှဲပြောင်း​ ပေးရန် သင့်မသင့် စဉ်းစားနေဆဲ ဖြစ်ကြောင်း စစ်ဖက်က ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here