ဂွီနီယာ ဘီဆူအာ နိုင်ငံတွင် စစ်တပ် အာဏာသိမ်း

alt

ဂွီနီယာဘီဆူအာ နိုင်ငံတွင် ဝန်ကြီးချုပ်အား ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်း ထားလိုက်ကြောင်း သိရှိရသည်။

ဧပြီလ (၁)ရက် နေ့က အာဏာ သိမ်းမှုကြောင့် ယမန်နှစ်က သမ္မတဖြစ်သူ လုပ်ကြံ ခံထားရသည့် အာဖရိက နိုင်ငံ၏ ပြည်တွင်းရေးမှာ စိုးရိမ်စရာ ဖြစ်လာရသည်။ စစ်တပ်၏ ဖမ်းဆီးကာ အကျယ်ချုပ် ချထားမှုကို ခံနေရသည့် ၀န်ကြီးချုပ် ကားလို့စ် ဂိုမက် ဂျူနီယာ၏ ရုံးခန်းရှေ့တွင် ပြည်သူများက စုရုံးကာ ယင်းတို့၏ ခေါင်းဆောင်အား ထောက်ခံကြောင်း စုရုံး ကြွေးကြော်ခဲ့ကြသည်။

ဧပြီလ (၁)ရက် နေ့က နံနက်ပိုင်းက စစ်သားများသည် ဝန်ကြီးချုပ်၏ ရုံးခန်းကို ဝန်းရံ ပိတ်ဆို့ကာ ဝန်ကြီးချုပ်နှင့် ၎င်း၏ အစိုးရအဖွဲ့မှ ဝန်ကြီးဖြစ်သူ မာမိုဒူဒီဂျူ အား ဖမ်းဆီးပြီး ဝန်ကြီးချုပ် နေအိမ်၌ အကျယ်ချုပ် ချထားလိုက်ခြင်း ဖြစ်သည်။ ထို့နောက် ဒီဂျူအား စစ်တပ်က အတင်း အိမ်ပြန်​ လွှတ်ခဲ့ကြောင်း သိရသည်။

ဒီဂျူက အာဏာ သိမ်းခံရသည့် အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း သတင်းထောက် များကို ပြောကြားသွားသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း က ဂွီနီယာဘီဆူအာ ၏ စစ်တပ်က စွက်ဖက်လာသော နိုင်ငံရေး အပြောင်းအလဲအတွက် စိတ်ပူမိကြောင်း ဝန်ခံ ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ်အား ဖမ်းဆီးပြီးနောက် စစ်တပ်ကြီး​ အကဲ ဇာမိုရာ အင်ဒူတာ သည် ၎င်း၏ ရုံးတွင်ပင် အစောင့်အကြပ် ထူထပ်စွာဖြင့် ရှိနေဆဲဖြစ်ပြီး အာဏာသိမ်းမှုကို စစ်တပ်၏ ဒုတိယ ခေါင်းဆောင်က စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here