အမြွာ ကလေး နှစ်ဦးအား တပါတ် ခြားပြီးမှ မွေးဖွားခဲ့သည့် အမေရိကန် အမျိုးသမီး

alt

အမေရိကန် နိုင်ငံ၊ အိုဟိုင်းယိုး ပြည်နယ်မှ အမျိုးသမီး တဦးသည် အမြွာ ကလေးငယ် နှစ်ဦးအား တပါတ် ခြားပြီး မွေးဖွားခဲ့ကြောင်း သိရှိရသည်။

မြောက်ပိုင်း ကင်တန်ရှိ အမျိုးသမီး ဂျင်နီဖာရန့် သည် မတ်လ (၂၂)ရက်နေ့က Due Date မပြည့်မီ (၁၂)ပါတ် အလိုတွင် (၁)ပေါင် (၁၃) အောင်စသာ အလေးချိန်ရှိသည့် မိန်းကလေး တဦး အား ဖွားမြင်ခဲ့ပြီး ဂရေ့ဟု အမည်ပေး လိုက်သည်။

ထိုအချိန်တွင် သားအိမ်အတွင်း နောက်ထပ် ယောက်ျားလေး တဦးကျန်ရှိ နေသေးသော်လည်း ဆရာ​ဝန်​များက အချိန် အလွန်စောစွာ မွေးထား ရသည့်အတွက် ခွဲမထုတ်ဘဲ မိခင် ဝမ်းဗိုက် အတွင်း သာ ဆက်ထားရှိရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း (၇)ရက် အကြာတွင် ဂျင်နီဖာသည် နောက်တကြိမ် မီးဖွားချင်လာပြီး ကိုယ်အလေးချိန် (၂)ပေါင် (၁၅)အောင်စရှိ သားငယ် နိုလ်အာ အား မွေးဖွား​ခဲ့​ ပြန်သည်။

ကလေး နှစ်ဦးလုံးသည် ပေါင်မပြည့်ဘဲ မွေးဖွား လာခြင်းကြောင့် အထူး စောင့်ရှောက်မှုဖြင့် ထားရှိ​နေ​ ရကြောင်း သိရှိ ရသည်။ ကလေးများ၏ ဖခင် ဒင်းနစ်ရန့်ကမူ မိမိအနေနှင့် အမြွှာနှစ်ဦး၏ မွေးနေ့​အား တကွဲတပြားစီ ပြုလုပ်ပေးရမည် ကို အထူးအဆန်း ခံစားမိကြောင်း ဝန်ခံသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here