စကော့တလန် စက်ရုပ် ဘောလုံး အသင်း ဗိုလ်လုပွဲ တက်ရောက် နိုင်ရန် မျှော်မှန်း

alt

စကော့တလန် လက်ရွေးစင် ဘောလုံး အသင်းသည် ယခုနှစ် နွေရာသီတွင် ကျင်းပမည့် ကမ္ဘာ့ ဖလား ဘောလုံးပွဲ အတွက် ခြေစစ်ပွဲပင် မအောင်မြင် ခဲ့ပေ။

သို့သော်လည်း စကော့တလန်ကို ကိုယ်စားပြုမည့် စက်ရုပ် ဘောလုံးအသင်း ကမူ ပိုမို ကောင်းမွန် သော ရလဒ်ကို မျှော်လင့်လျက် ရှိကြသည်။ အီဒင်ဘတ် တက္ကသိုလ်က ဖန်တီးထားသော စက်ရုပ် (၃)ရုပ်ပါ Android ဘောလုံး အသင်းသည် တူရကီနိုင်ငံ အီစတန်ဘူတွင် ကျင်းပမည့် စက်ရုပ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အထိ တက်ရောက်ရန် မျှော်လင့်ထားကြောင်း သိရှိရသည်။

အရပ် (၂)ပေမြင့်သည့် တိုက်စစ်မှူး၊ နောက်ခံလူ နှင့် ဂိုးသမား အားလုံးတို့သည် ကောင်းစွာ လှုပ်ရှား​ နိုင်သည့် စက်ရုပ်လေးများ ဖြစ်ကြသည်။ ယင်း စက်ရုပ် ကလေးများသည် အခြားသော ပြိုင်ဖက် စက်ရုပ်လေး​ များနှင့် ဘောလုံးတို့ကို ခံစား ထောက်လှမ်းနိုင်သည့် အာရုံခံစံနစ် တပ်ဆင်ထားသည်။ အီဒင်ဘတ် တက္ကသိုလ်ရှိ နည်းပညာကျောင်းမှ တီထွင်ထားသည့် စက်ရုပ်လေးများမှာ (၂၀၁၁)ခုနှစ်၊ တူရကီ စက်ရုပ်ဖလား ဘောလုံးပွဲတွင် အောင်ပန်းဆင် နိုင်မည်ဟု ယုံကြည်ကြောင်း တီထွင်သည် ဒေါက်တာ ဆက်သူဗီယာကူမား က ပြောကြားခဲ့သည်။

မိမိတို့၏ ဆောင်ရွက်ချက်သည် စက်ရုပ်နည်းပညာ လေ့လာမှု အတွက်လည်း အထောက်အကူ ဖြစ်စေ​မည်ဟု ယုံကြည် ကြောင်း ဒေါက်တာ ဗီယာကူမား ကဆိုသည်။ စက်ရုပ်လေးများ၏ လှုပ်ရှားပုံ အဆင့်​ ဆင့်ကို ဖန်တီးနိုင်ရန်အတွက် နောက်ဆုံးပေါ် 3D ဂိမ်းများနှင့် Avatar ဇာတ်ကားတို့ကို လေ့လာခဲ့ရ​ ကြောင်းလည်း ၎င်းကဆိုသည်။ ယင်း စက်ရုပ်လေး များ၏ ဘောလုံးစွမ်းရည်ကို မတ်လကုန်က အီဒင်ဘတ်တွင် ပြသခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here