ဂါဇာဒေသ ပစ်မှတ်များအား အစ္စရေး လေတပ် ဗုံးကြဲ တိုက်ခိုက်

alt

အစ္စရေး လေတပ်သည် ဂါဇာ ဒေသရှိ ပစ်မှတ်များအား (၁၃)ကြိမ်ထက် မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့​ ကြောင်း သိရှိရသည်။

ဧပြီလ (၁)ရက် နေ့က ဆာဘရာရှိ ပစ်မှတ်များကို လေယာဉ်များက တိုက်ခိုက် ခဲ့ပြီးနောက် အသက် (၂)​ နှစ်၊ (၄)နှစ်​ နှင့် (၁၁)နှစ် အရွယ် အသီးသီး ရှိသော ကလေးငယ် (၃)ဦးတို့ မှန်ကွဲစများ စင်ကာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အစ္စရေးမြို့ အက်ရှကီလွန် နှင့် အနီးတဝိုက် သို့ ဂါဇာမှ ပစ်လွှတ်​ လိုက်သည့် ဒုံးကျည်များ ကျရောက်ခဲ့ပြီးနောက် အစ္စရေးက လက်တုန့်ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်ရပ်များ အတွင်း အစ္စရေးရော၊ ပါလက်စတိုင်း ဖက်မှပါ အသေအပျောက် မရှိဟု ဆိုသည်။ အစ္စရေး လေယာဉ်များသည် ခန်ယူနစ် အနောက်ပိုင်းသို့ အဓိက ဦးတည်ကာ အနည်းဆုံး (၃)ကြိမ်မျှ ဗုံးကြဲခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ လေယာဉ်များမှ ပစ်လွှတ်လိုက်သော ဒုံးကျည်များ အနက် နှစ်စင်းသည် ဟားမတ်တို့၏ လက်နက် သိုလှောင်ရာ အက်ဇီဒင် အယ်ကွာဆမ်သို့ ထိမှန်ခဲ့ကြောင်း သိရှိ​ ရသည်။

အခြားလေကြောင်း တိုက်ခိုက်မှုများမှာ ဂါဇာမြို့တော် အနောက်ပိုင်းနှင့် ဟားမတ်တို့ အခြေစိုက်ရာ အခြားသော စစ်စခန်းများကို ရည်ရွယ်ခဲ့ကြောင်း သိရသည်။ အစ္စရေး လေတပ်သည် မဟာဗျူဟာမြောက် F16 လေယာဉ်များကို အသုံးပြု ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် လ ကတည်းက ဂါဇာဖက်မှ ပစ်လွှတ်သော ဒုံးကျည်များ အစ္စရေးမြေသို့ ကျရောက် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ရာ အစ္စရေး တို့ကလည်း ယခုလို လက်တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here