အင်္ဂလိပ် ကျောင်းသားများ၏ စိုးရိမ်ဖွယ်ရာ လိင် အကြမ်းဖက်မှု ဖြစ်ရပ်

alt

လွန်ခဲ့သော (၂)နှစ်ခန့်က ဗြိတိန်ရှိ (၆)နှစ် အရွယ် မိန်းကလေး တဦးအား အတန်းတူ ယောက်ျားလေး (၂၃)ဦး တို့က ကာယဆိုင်ရာနှင့် လိင်ဆိုင်ရာ

အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းကို ရဲတပ်ဖွဲ့က ယခုအခါ အတည်ပြု လိုက်ကြောင်းသိရှိ​ ရသည်။

အမည် ဖော်ပြခြင်း မရှိသည့် ဝေလ် ပြည်နယ်မှ မိန်းကလေး၏ မိခင်က သူမ၏ သမီးအား ကျောင်းနေ​ ဖက် ယောက်ျားလေး (၂၃)ဦးက အဝတ်အစားများ ချွတ်ခိုင်းကာ ကစားကွင်းတွင် စော်ကား မော်ကား ပြုလုပ်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့အား တိုင်ကြားထားခြင်း ဖြစ်သည်။ မိန်းကလေး၏ မိခင်က ကျောင်းမှ တာဝန်ရှိသူ များသည် အဆိုပါ ကိစ္စအား (၂)နှစ်ကြာ စုံစမ်းပြီးမှ လက်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုကိစ္စတွင် ပါ၀င်ခဲ့သော ကျောင်းသားလေး (၂၃)ဦးအား ကျောင်း မထုတ်ခဲ့သည့် ကိစ္စကိုလည်း မိန်းကလေး၏ မိခင်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။ အသက်(၆)နှစ် မှ (၁၀)နှစ်ကြား ယင်းကလေးများ ကိုလည်း အသက်အရွယ် ငယ်ရွယ်ခြင်းကြောင့် တရား ဥပဒေ​ အရ စွဲချက်တင် အရေးယူနိုင်ခြင်း မရှိကြောင်း ရဲများက ၀န်ခံခဲ့သည်။ မိန်းကလေး၏ မိခင်က ကလေးများ၏ Identityကို ကွယ်ဝှက် ပေးထားရန်အတွက် အာဏာပိုင်​ များက အမည် မဖော်ပြသော အဆိုပါ အခြေခံကျောင်းတွင် စက်ဆုပ်စရာ လိင် အကြမ်းဖက်မှုများ ပျံ့နှံ့နေကြောင်း ပြောကြားခဲ့သည်။

ရေဒီယို အစီအစဉ် တခုမှ သူမ၏ သမီးအဖြစ်ကို ရင်ထုမနာ ပြောကြားခဲ့သည့် မိခင်က သူမအနေနှင့် ထို အဖြစ်ဆိုးကြံု လာသည့် သမီးငယ်၏ ထိတ်လန့်နေသော မျက်နှာကို မည်သည့်အခါမှ မမေ့နိုင်တော့ကြောင်း ဖွင့်ဟ သွားခဲ့သည်။ ထို့နောက်တွင် သမီးအား ချော့မော့ မေးမြန်းကာ အဖြစ်မှန်ကို သိရှိလာပြီးနောက် ကျောင်းပြောင်း လိုက်ကြောင်း သူမက ဆက်လက် ပြောဆိုသွားခဲ့သည်။

ယင်း ဖြစ်ရပ်သည် ဗြိတိန်နိုင်ငံရှိ ကလေးငယ်များကြား ဆိုးရွားသော အမူအကျင့်များ လွှမ်းမိုး ၀င်ရောက်လာခြင်းကို မီးမောင်း ထိုးပြသည့် ညွှန်ကိန်း တခုသဖွယ် ဖြစ်လာ​နေ​ ကြောင်း သတင်းများက ရေးသား ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here