တရုတ် နိုင်ငံမှ ထူးထူးခြားခြား ဖားနှစ်ကောင်

alt

တရုတ်နိုင်ငံမှ အမျိုးသမီး တဦးသည် ထူးထူး​ ခြားခြား ဖား​ နှစ်ကောင်အား ထုတ်ဖေါ်ပြသ​ ခဲ့သည်။ ယင်း တွားသွားသတ္တဝါ နှစ်ကောင်

တို့တွင် စုစုပေါင်း ခြေချောင်း (၁၂)ချောင်း ရှိနေခြင်းပင် ဖြစ်သည်။

တရုတ်ပြည် အရှေ့ပိုင်း ဂျန်ဆုဒေသမှ ဇူဇောင်း​ ဒေသရှိ အမည်ဖော်ပြ မထားသော အမျိုးသမီးက ပြသခဲ့သော ဖားပြုတ်များ အနက် တကောင်တွင် ခြေ(၅)ချောင်း​ ရှိပြီး ကျန်တကောင်တွင် ခြေချောင်း (၇) ချောင်း ပါရှိနေသည်။

ယင်းဖားများကို ဇူ အမည်ရှိ တရုတ်အမျိုးသား တဦးက မတ်လ (၂၀) ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ ခြင်း ဖြစ်သည်။ အဆိုပါ ဖားများသည် သာမန်ထက်လည်း ပိုမို ထွားကြိုင်းနေပြီး ယင်းအချက်မှာ ခြေချောင်း အရေအတွက် များပြားနေခြင်းနှင့် သက်ဆိုင်ဖွယ် မရှိကြောင်း သိရှိရသည်။ ဇူ က ခြေချောင်း အပိုများ ပါရှိသော ထိုဖားများသည် လျင်မြန် သွက်လက်စွာ သွားလာနိုင်ကြောင်း ပြောကြားခဲ့သည်။

သိပ္ပံ​ ပညာရှင်များ ကမူ ဖားများတွင် ထိုကဲ့သို့ ခြေလက်အပိုများ ထွက်လာရခြင်းသည် သဘာဝ ပတ်ဝန်းကျင် ရေထု ညစ်ညမ်းမှု​ နှင့် ဆက်နွယ်နေဖွယ် ရှိကြောင်း သုံးသပ်ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here