အမျိုးသားများ အားတိုးဆေး ဓားပြ တိုက်သူများအား စပိန် ရဲတပ်ဖွဲ့ မှ ဖမ်းဆီး

alt

စပိန် ရဲတပ်ဖွဲ့သည် ဗီအာဂရာ အားတိုးဆေးများ ဓားပြတိုက်သည် ဟု ယူဆရသူအား ဖမ်းဆီးထားလိုက် ပြီ ဖြစ်သည်။

ယင်းသည် အနည်းဆုံး ဆေးဆိုင်ပေါင်း (၁၀)ခု မျှအား သေနတ်ဖြင့် ဓားပြဝင်တိုက်ကာ အမျိုးသား အားတိုးဆေး ဗီအာဂရာ ဆေးဘူးများ ယူဆောင် သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ပါရှိသည်။ ဇန်နဝါရီလ က စတင်သော ဓားပြမှု များကို လေ့လာပြီးနောက် မက်ဒရစ်မြို့လယ်၊ ဆေးဆိုင်​ တခုကို ဓားပြ ဝင်တိုက်နေစဉ် ဖမ်းမိသော အသက် (၄၃)နှစ် အရွယ် အမည် မဖော်ပြသော ပုဂ္ဂိုလ်မှာ ယင်းတို့ အလိုရှိ နေသော ဗီအာဂရာ ဓားပြ​ ဖြစ်နိုင်ကြောင်း ပြောကြား​ ခဲ့သည်။

ယင်းသည် ငွေကြေးအပြင် ဗီအာဂရာ ဆေးဘူး များကိုလည်း ယူသွားလေ့ရှိကြောင်း မက်ဒရစ် မြို့တော် ရဲတပ်ဖွဲ့က ဆိုသည်။ ဗီအာဂရာ အား ထုတ်လုပ်သည့် Pfizer ဆေးဝါး ကုမ္ပဏီသည် လိင်မှုစွမ်းရည် တိုးတက် မြင့်မားစေသည့် အဆိုပါ ဆေးဝါးအား ဆရာဝန် ညွှန်ကြားမှုဖြင့်သာ သုံးစွဲသင့်ကြောင်း သတိ ပေးထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here