Gay ဖြစ်ကြောင်း ဝန်ခံ ပြီးနောက် စိတ်ဓာတ်ခွန်အား ပိုမို ခိုင်မာလာဟု ရစ်ကီမာတင် ပြောကြား

alt

လက်တင် ပေါ့(ပ်) အဆိုတော် ရစ်ကီမာတင်က ၎င်းသည် Gay တဦးဖြစ်ကြောင်း လူသိရှင်ကြား ထုတ် ဖော် ဝန်ခံ လိုက်ပြီးနောက်

စိတ်ဓာတ်ခွန်အား ပိုမို ခိုင်မာလာသည်ဟု ခံစားရကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

အသက် (၃၈)နှစ်အရွယ် လက်တင် အဆိုတော်သည် မကြာသေးမီ ကမှ ၎င်း၏ကိုယ်ပိုင် ဝဘ်ဆိုဒ်မှ တဆင့် လိင်တူချင်း စိတ်ဝင်စားသူ Gay တဦးဟု ထုတ်ဖော် ရေးသားခဲ့သည်။ မိမိသည် အကောင်းဆုံး ကိစ္စတခုကို လုပ်နိုင်ခဲ့ကြောင်း၊ မည်သည့် အခါနှင့်မျှ မတူအောင် ကြံ့ခိုင် သန်စွမ်းနေသည်ဟု ခံစား ရကြောင်း ရစ်ကီက Twitter တွင် ဖော်ပြခဲ့သည်။

ပွာတိုရီကန်ဖွား အဆိုတော်သည် မွေးစား ကလေးနှစ်ဦး၏ ဖခင်ဖြစ်ပြီး (၂၀၀၈)ခုနှစ်က အမြွာ ကလေးများ ဖြစ်သော မက်တီယိုနှင့် ဗလန်တီနိုတို့ကို မွေးစားခဲ့စဉ်က မိမိ၏ ဘဝမှန်ကို ထုတ်ဖော်ဝန်ခံ ရန် ကိစ္စအား ရွှေ့ဆိုင်းခဲ့ရသည်ဟု ရေးသားထားသည်။

၎င်းသည် ယခု သီတင်းပါတ် အစောပိုင်းက Gay ဖြစ်ကြောင်း ဝဘ်ဆိုဒ်ရှိ Blog မှတဆင့် တရားဝင် ရေးသားခဲ့ပြီး ထို့အတွက်လည်း မိမိကိုယ်ကိုယ် ကံကောင်းသည်ဟု ခံယူထားကြောင်း ပွင့်ပွင့်လင်းလင်း ပင် ဖော်ပြထားခဲ့ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here